Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , , ရုပ်ရှင်လောကထဲက အမျိုးသမီးတွေအတွက် အကြီးအကျယ်သမိုင်းတင်သွားတဲ့ Wonder Woman

ရုပ်ရှင်လောကထဲက အမျိုးသမီးတွေအတွက် အကြီးအကျယ်သမိုင်းတင်သွားတဲ့ Wonder Woman

| No comment

ပြောသားပဲလို့ ပြောချင်တာတော့မဟုတ်ပေမယ့် ပြောထားသာပဲ Patty Jenkins ရဲ့ DC အမျိုးသမီး စူပါဟီရီုးရုပ်ရှင်ဖြစ်တဲ့ Wonder Woman ဟာ ဒီရက်သတ္တပတ်မှာ လူဆိုးတွေနှင့် box office ကို အနိုင်ယူရင်း စံချိန်တွေကို ချိုးဖျက်ရင်း မှတ်ကျောက်တင်ရမည့် အခြေအနေကို ဝင်ရောက်လာနေပါတယ်။

ရုပ်ရှင်ရုံပေါင်း ၄၁၆၅ ရုံမှာ အမေရိကန်ဒေါ်လာ ၁၀၀.၅ သန်း ဝင်ငွေရရှိနေတဲ့ Wonder Woman ရုပ်ရှင်ဟာ စတင်ပြသတဲ့ နေ့ရက်နှင့် စတင်ပြသတဲ့ ရက်သတ္တပတ်မှာ ဝင်ငွေအကောင်းဆုံး အမျိုးသမီးဒါရိုက်တာတစ်ယောက်က ရိုက်ကူးတဲ့ ရုပ်ရှင်အဖြစ် ကြွားလုံးထုတ်လို့ရပါပြီ။ Variety က သတင်းပို့ထားတဲ့အတိုင်း ဒီရုပ်ရှင်က တခြား ရုပ်ပြစာအုပ်ကို ရိုက်ကူးထားတဲ့ နာမည်ကြီးဇာတ်ကားတွေရဲ့ စတင်ပြသတဲ့ ရက်သတ္တပတ် ဝင်ငွေနှင့် နှိုင်ယှဉ်ရင် အရမ်းကို အစွမ်းပြနေပါတယ်။ ဒီ DC ရုပ်ရှင်က Marvel ရဲ့ ကျော်ကြားတဲ့ Iron Man, Thor နှင့် Doctor Strange ရုပ်ရှင်တွေရဲ့ ပွဲဦးထွက်ပြသမှု အမေရိကန်ဒေါ်လာ ၉၈.၆ သန်း၊ အမေရိကန်ဒေါ်လာ ၆၅.၇ သန်း၊ အမေရိကန်ဒေါ်လာ ၈၅ သန်း အသီးသီးကို အပြတ်အသတ်အနိုင်ယူလိုက်ပါပြီ။

အတိုချုံးပြောရရင်တော့ အဖျက်စွမ်းအားကြီးမားတဲ့ လက်နက်ကြီးတွေ အသုံးပြုပြီး လူတွေကို သတ်ဖြတ်ချင်တဲ့ လူယုတ်မာတွေလက်ထဲကနေ ကမ္ဘာကြီးကို ကယ်တင်လိုက်တဲ့ အမျိုးသမီးတစ်ယောက်အကြောင်း ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကို အားပေးထောက်ပံ့တဲ့ သူတွေအားလုံး နှင့် Patty Jenkins နှင့် Gal Gadot ကို ချီးကျူးပါတယ်။

Wonder Woman နှင့်ပတ်သက်ပြီး နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ အချက်တစ်ခုကတော့ ကြည့်ရှုသူပရိသတ်အများစုက အမျိုးသမီးတွေဖြစ်နေတာကြောင့် အက်ရှင်အပြည့်ပါတဲ့ ရုပ်ပြစာအုပ်ကို ရိုက်ကူးထားတဲ့ ဇာတ်ကားတွေအတွက် သတ်မှတ်ချက်နှင့် ကွဲထွက်နေပါတယ်။ Wonder Woman ရုပ်ရှင်က ခန့်မှန်းခြေ အမျိုးသမီးပရိသတ် ၅၂ ရာခိုင်နှုန်း ရရှိထားတာကြောင့် ထုံးစံအတိုင်းဆိုရင် အမျိုးသားပရိသတ် ၆၀ ရာခိုင်နှုန်းဖြစ်နေတာကို ပြောင်းပြန်လှန်လိုက်ကြောင်း The Hollywood Reporter က ဖော်ပြထားပါတယ်။

ဟောလိဝုဒ်က လေးစားဖွယ်အကောင်းဆုံး သရုပ်ဆောင်တွေနှင့် ဝေဖန်ရေးသမားတွေက ဒီရုပ်ရှင်ဟာ ဘယ်လောက်ကောင်းတဲ့ ရုပ်ရှင်ဖြစ်ကြောင်း ပြောမဆုံးနိုင်ဖြစ်နေပြီး box office ကလည်း အထင်ကြီးရလောက်အောင် များပြားတဲ့ ကြည့်ရှုသူပရိသတ်တွေနှင့် သက်သေပြနေတယ်ဆိုရင် Wonder Woman ရုပ်ရှင်က ရုပ်ရှင်လောကကို ပြောင်းလဲလိုက်တဲ့ အောင်မြင်မှုတစ်ခုဖြစ်ပြီး သမိုင်းတင်သွားတဲ့ ရုပ်ရှင်တစ်ခုဖြစ်တယ်လို့ စိတ်ချလက်ချ ပြောလို့ရပါပြီ။

 RII

#celebrity.thithtoolwin.com

Source: MTV