Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , Wonder Woman က အမျိုးသမီးရိုက်ကူးတဲ့ ဇာတ်ကားတွေထဲမှာ အကောင်းဆုံးဇာတ်ကား ဖြစ်လာ

Wonder Woman က အမျိုးသမီးရိုက်ကူးတဲ့ ဇာတ်ကားတွေထဲမှာ အကောင်းဆုံးဇာတ်ကား ဖြစ်လာ

| No comment

Wonder Woman ဟာ ဒီအပတ်ထဲက US Box Office မှာလည်း ဒေါ်လာ ၂၅သန်းကျော် ရှာဖွေနိုင်ခဲ့တဲ့အပြင် စံချိန်သစ်တစ်ရပ်လည်း ထပ်မံ တင်ရှိခဲ့ပါတယ်။ ရုပ်ရှင်အနေနဲ့ ယခုအခါမှာ အမျိုးသမီးဒါရိုက်တာ ရိုက်ကူးတဲ့ ရုပ်ရှင်တွေထဲမှာ အကောင်းဆုံး Live Action ရုပ်ရှင်ဇာတ်ကားအနေနဲ့ သတ်မှတ်ခံခဲ့ရပါတယ်။

Box Office Mojo ရဲ့ ထုတ်ဖော်ချက်အရ Wonder Woman ဟာ လက်ရှိ ဒေါ်လာ ၆၅၂သန်းကျော် ရရှိနေပြီဖြစ်ပြီး ဒီစံချိန်ဟာ ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်တုန်းက Musical အမျိုးအစား Mamma Mia ဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ Phyllida Lloyd ရဲ့ ၆၀၉ သန်း စံချိန်ကို ချိုးဖျက်ခဲ့တာပါ။

စူပါဟီးရိုး ရုပ်ရှင် Wonder Woman ဟာ အမျိုးအစားတူ ရုပ်ရှင်တွေထဲမှာလည်း The Amazin Spider-Man (2012), Man of Steel (2013), Captain American: The Winter Soldier (2014) နဲ့ Doctor Strange (2016) တို့ကိုလည်း ကျော်တက်ခဲ့ပါတယ်။

ပြည်တွင်းဝင်ငွေမှာဆိုရင်လည်း Batman v Superman: Dawn of Justice (ဒေါ်လာသန်း ၃၃၀) နဲ့ Suicide Squad (ဒေါ်လာ ၃၂၅သန်း) တို့ကို ကျော်ဖြတ်သွားကြောင်းလည်း သိရပါတယ်။

Wonder Woman ဟာ လက်ရှိမှာ ဝင်ငွေသာမက Rating ပိုင်းမှာဆိုရင်လည်း အောင်မြင်မှု ရရှိနေပြီး IMDb 8.1 နဲ့ Rotten Tomato – 92%  အထိ Rating ကောင်းနေပါတယ်။ ဒါဟာဆိုရင် DC ရုပ်ရှင်တွေဆို Rating သိပ်မပေးချင်တဲ့ Rating သမားတွေရဲ့ The Dark Knight Trilogy ပြီးနောက် Rating အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားတစ်ကားအဖြစ်သတ်မှတ်ခံခဲ့ရပါတယ်။

Brucee

#celebrity.thithtoolwin.com

Ref: Vox