Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / X-Men: Dark Phoenix ဇာတ်ကားမှာ ဗီလိန်အဖြစ်ပါဝင်ဖို့ ဆွေးနွေးနေတဲ့ Jessica Chastain

X-Men: Dark Phoenix ဇာတ်ကားမှာ ဗီလိန်အဖြစ်ပါဝင်ဖို့ ဆွေးနွေးနေတဲ့ Jessica Chastain

| No comment



X-Men ဇာတ်လမ်းတွဲ၏ ရေရှည် ရေးသားသူနှင့် ထုတ်လုပ်သူ Simon Kinberg က X-Men: Dark Phoenix ကို ရေးသားရိုက်ကူးဖို့ တရားဝင်စာချုပ်ချုပ်လိုက်ပြီး X-Men: Apocalypse မှာ ပါဝင်ခဲ့တဲ့ သရုပ်ဆောင်တွေဖြစ်တဲ့ James McAvoy (Professor X), Michael Fassbender (Magneto), Jennifer Lawrence (Mystique), Nicholas Hoult (Beast), Alexandra Shipp (Storm), Tye Sheridan (Cyclops) နှင့် Kodi Smit-McPhee (Nightcrawler) တို့ ပြန်လည် ပါဝင်လာမှာဖြစ်ပါတယ်။

Kinberg က ဒီဇာတ်ကားကို Lauren Shuler Donner နှင့် Hutch Parker တို့နှင့်အတူ ထုတ်လုပ်မှာဖြစ်ပါတယ်။ဒါ့အပြင် မင်းသမီး Jessica Chastain ကလည်း X-Men: Dark Phoenix ဇာတ်ကားမှာ ဗီလိန်အဖြစ်ပါဝင်ဖို့ ဆွေးနွေးလျက်ရှိပါတယ်။ ဒီဇာတ်ကားမှာပါဝင်ဖြစ်ရင်တော့ မင်းသမီးက Phoenix Force ကို လိုက်လံရှာဖွေပြီး ချေးမှုန်းပစ်ဖို့ စိတ်အားထက်သန်နေတဲ့ ဂြိုလ်သားမျိုးနွယ် Shi’ar Empire ရဲ့ ဘုရင်မ Lilandra အဖြစ်ပါဝင်ရမှာဖြစ်ကြောင်း THR က ဖော်ပြထားပါတယ်။ Sophie Turner က မင်းသမီးက Phoenix Force ကပ်ပါးကို လက်ခံထားပြီး Shi’ar က လိုက်ရှာနေတာကိုခံရတဲ့ Jean Grey အဖြစ် ပြန်လည်ပါဝင်ထားပါတယ်။

X-Men: Dark Phoenix ဇာတ်ကားကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၂ ရက်မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။
Simon Kinberg က X-Men ဇာတ်ကားသစ်ဟာ Apocalypse အပြီး အချိန် ၁၀ နှစ်ကြာသွားပြီးနောက် ၁၉၉၀ ခုနှစ်အလွန်မှာ အခြေတည်မှာဖြစ်ကြောင်း အတည်ပြုခဲ့ဖူးပါတယ်။ Jim Lee က ပြန်လည်ဆန်းသစ်ထားတဲ့ ၁၉၉၀ ခုနှစ်အလွန်က ဇာတ်ကောင်တွေက X-Men ရုပ်ပြစာအုပ်တွေအတွက်တော့ ရောင်းအားတက်ခဲ့ပါတယ်။

Josh Boone ရဲ့ New Mutants ကို ၂၀၁၈ ခုနှစ် ဧပြီလ ၁၃ ရက်မှာ၊ Deadpool 2 ကို ၂၀၁၈ ခုနှစ် ဂျွန်လ ၁ ရက်မှာ ပြသပြီး နှစ်ကုန်ကို Dark Phoenix နှင့် ပိတ်သိမ်းမှာဖြစ်တဲ့အတွက် ၂၀၁၈ ခုနှစ် ကတော့ X-Universe အတွက် အောင်မြင်တဲ့နှစ်တစ်နှစ်ဖြစ်မှာပါ။

     RII

    #celebrity.thithtoolwin.com

   Source: Comingsoon