Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / YoonA, Im Siwan, နှင့် Hong Jong Hyun တို့ပါဝင်ထားတဲ့ “The King Loves” ဇာတ်လမ်းတွဲ၏ ကြေကွဲဖွယ်ဇာတ်လမ်းနမူနာ ထွက်ရှိလာ

YoonA, Im Siwan, နှင့် Hong Jong Hyun တို့ပါဝင်ထားတဲ့ “The King Loves” ဇာတ်လမ်းတွဲ၏ ကြေကွဲဖွယ်ဇာတ်လမ်းနမူနာ ထွက်ရှိလာ

| No comment




MBC က တနင်္လာနှင့် အင်္ဂါနေ့မှာ ထုတ်လွှင့်မည့် “The King Loves” ဇာတ်လမ်းတွဲ၏ ပထမဆုံး ဇာတ်လမ်းနမူနာ ထွက်ရှိလာပါပြီ။

MBC က “The King Loves” ဇာတ်လမ်းတွဲ၏ ပထမဆုံး ဇာတ်လမ်းနမူနာကို ဇွန်လ ၂၆ ရက်က မျှဝေခဲ့ပါတယ်။ ဇာတ်လမ်းနမူနာကို အဓိကဇာတ်ဆောင်တွေဖြစ်တဲ့ YoonA, Im Siwan, နှင့် Hong Jong Hyun တို့က အတူတကွ ရယ်မောရင်း လမ်းတစ်ခုကို ဖြတ်ပြေးနေကြတာနှင့် စဖွင့်ထားပါတယ်။

သူ့တို့ကို ရင်းနှီးတဲ့ သူငယ်ချင်းတွေအဖြစ် ပုံဖော်ထားပေမယ့် “ယောက်ျားလေး ၂ ယောက်နှင့် မိန်းကလေးတစ်ယောက်ကြားက မှားယွင်းတဲ့ အချစ်” ဆိုတဲ့ စာသားတွေကြောင့် ဇာတ်ဆောင် ၃ ယောက်ရဲ့ ကံကြမ္မကို သိချင်စိတ်တွေ ဖြစ်ပေါ်လာစေပါတယ်။

Im Siwan နှင့် YoonA တို့က အရောင်အသွေးစုံ ဝတ်စုံတွေနှင့် မျက်နှာဖုံးကို ဆင်မြန်းထားပြီး ကခုန်နေတာကို ပြသတဲ့ ဇာတ်ဝင်ခန်းမှာလည်း ရုပ်ရှင်ရိုက်ကူးရေးပညာ လက်ရာမြောက်တာကို တွေ့ရပါတယ်။
နောက်ဇာတ်ဝင်ခန်းတစ်ခုမှာတော့ Hong Jong Hyun, YoonA နှင့် Im Siwan တို့က ကြေကွဲဖွယ်အမူအရာတွေနှင့် မျက်ရည်ကျနေကြပြီး “ယောက်ျားလေး ၂ ယောက်နှင့် မိန်းကလေးတစ်ယောက်ရဲ့ လှပပြီး ဝမ်းနည်းဖွယ်ကောင်းတဲ့ အချစ်ဇာတ်လမ်း” ဆိုတဲ့ စာသားတွေ ပေါ်လာပြန်ပါတယ်။

ဇာတ်လမ်းနမူနာရဲ့ အဆုံးသတ်နားမှာတော့ Im Siwan က “ဒါကတော့ ငါ့ကိုယ့်ငါထက် မင်းကိုပိုပြီး ချစ်မိတဲ့ ငါ့ရဲ့ ဇာတ်လမ်းပါပဲ” လို့ ဇာတ်ကြောင်းကို ပြောပြထားပါတယ်။

“The King Loves” ဇာတ်လမ်းတွဲက Goryeo Dynasty ခေတ်မှာ အခြေတည်ထားတဲ့ fact-fiction romance ဇာတ်လမ်းဖြစ်ပါတယ်။ ဇာတ်လမ်းတစ်ခုလုံးကို အစအဆုံးရိုက်ကူးပြီးမှ ထုတ်လွှင့်မှာဖြစ်တဲ့အတွက် ရိုက်ကူးရေးပြီးစီသွားပြီဖြစ်ပြီး ထုတ်လုပ်ရေးအဖွဲ့က လက်စသတ်လျက်ရှိပါတယ်။
“The King Loves” ဇာတ်လမ်းတွဲကို MBC က ဇူလိုင်လထဲမှာ ထုတ်လွှင့်မှာဖြစ်ပါတယ်။

     RII

    #celebrity.thithtoolwin.com

     Source: Soompi