Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Ant-Man and the Wasp ဇာတ်ကား၏ Comic-Con ပိုစတာသစ် ထွက်ရှိလာ

Ant-Man and the Wasp ဇာတ်ကား၏ Comic-Con ပိုစတာသစ် ထွက်ရှိလာ

| No comment



Marvel Studios panel ကတော့ ပြီးသွားခဲ့ပေမယ့် အံ့အားသင့်စရာအဖြစ် Andy Park ရဲ့ Ant-Man and the Wasp ဇာတ်ကား၏ Comic-Con တရားဝင် ပိုစတာသစ် ထွက်ရှိလာပါတယ်။

Michelle Pfeiffer (Dangerous Minds, The Wizard of Lies) နှင့် Laurence Fishburne (The Matrix trilogy, John Wick 2) တို့ Ant-Man and the Wasp ဇာတ်ကားမှာ ပါဝင်မှာဖြစ်ကြောင်း Marvel Studios က ကြေညာခဲ့ပါတယ်။ Pfeiffer က Michael Douglas ရဲ့ ဇာတ်ကောင် Hank Pym ရဲ့ ဇနီးဖြစ်ပြီး မူလပထမ Wasp ဖြစ်တဲ့ Janet Van Dyne အဖြစ်သရုပ်ဆောင်ထားပါတယ်။ Fishburne ကတော့ ရုပ်ပြစာအုပ်တွေထဲမှာ Tony Stark နှင့် Hank Pym တို့နှစ်ယောက်လုံးရဲ့ လက်ထောက်ဖြစ်ပြီး နောက်ဆုံးမှာ Pym ရဲ့ Giant Man စွမ်းအားကို ရယူပြီး Goliath အဖြစ် လူသိများလာတဲ့ Dr. Bill Foster အဖြစ်သရုပ်ဆောင်ထားပါတယ်။

ဒီဇာတ်ကားမှာ ပါဝင်ဖို့ အတည်ပြုထားတဲ့ သူတွေကတော့ Paul Rudd (Forgetting Sarah Marshall, Role Models) က Scott Lang အဖြစ်၊ Evangeline Lily (Lost, The Hobbit trilogy) က Hope Pym အဖြစ်၊ Michael Douglas (Falling Down, Basic Instinct) က Dr. Hank Pym အဖြစ်၊ Michael Pena (End of Watch, The Martian) က Luis အဖြစ်၊ David Dastmalchian (The Dark Knight, Prisoners) က Kurt အဖြစ်၊ T.I. (Fast & Furious 6, The Hangover) က Dave အဖြစ်၊ Randall Park (Fresh off the Boat, The Interview) က S.H.I.E.L.D. Agent Jimmy Woo အဖြစ်၊ Hannah John-Kamen (Killjoys, Black Mirror, Game of Thrones) က the Ghost အဖြစ်နှင့် Walton Goggins (Justified, The Hateful Eight) တို့ဖြစ်ပါတယ်။

Adam McKay (The Big Short) ရဲ့ ဇာတ်လမ်းကို Transformers: The Last Knight ကို ရေးသားခဲ့တဲ့ Andrew Barrer နှင့် Gabriel Ferrari တို့က ဇာတ်ညွှန်းရေးသားထားပြီး Peyton Reed က ရိုက်ကူးမည့် Ant-Man and the Wasp ဇာတ်ကားမှာ Paul Rudd က ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်ထားပါတယ်။
Ant-Man and the Wasp ဇာတ်ကားကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၆ ရက်မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။


      Brucee

     #celebrity.thithtoolwin.com

      Source: Comingsoon