Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Avengers: Infinity War ဇာတ်ကားထဲမှ Black Order ကို D23 တွင်ပြသ

Avengers: Infinity War ဇာတ်ကားထဲမှ Black Order ကို D23 တွင်ပြသ

| No comment



Avengers: Infinity War ဇာတ်ကားထဲမှ ပုံစံငယ်ကို မနေ့က D23 Expo မှာ ဖော်ပြခဲ့ပြီးနောက်မှာ Marvel Studios က ဇာတ်ကားထဲက Thanos ရဲ့ Black Order ဖြစ်တဲ့ ပုံစံငယ် ၄ ခုကို ထပ်မံဖော်ပြလိုက်ပါတယ်။ ဇာတ်ကောင်တွေက ရုပ်ပြစာအုပ်ထဲက ပုံတွေနှင့် တစ်ထပ်တည်းနီးပါးတူညီနေပြီး Corvus Glaive, Proxima Midnight, Cull Obsidian နှင့် Ebony Maw တို့ပါဝင်ပါတယ်။ ဒါ့အပြင် Mad Titan ဖြစ်တဲ့ Josh Brolin ကိုယ်တိုင်က အပြည့်အစုံတပ်ဆင်ထားတဲ့ Infinity Gauntlet ကြီးကို ကိုင်ပြီးရောက်ချလာပါတယ်။

ဒီဇာတ်ကားထဲမှာ ပါဝင်ဖို့အတည်ပြုထားတဲ့သူတွေကတော့ Robert Downey Jr., Chris Evans, Mark Ruffalo, Scalett Johansson, Chris Hemsworth, Anthony Mackie, Paul Bettany, Elizabeth Olson, Chadwick Boseman, Sebastian Stan, Don Cheadle, Chris Pratt, Dave Bautista, Zoe Saldana, Pom Klementieff, Benedict Cumberbatch, Benedict Wong, Sean Gunn, Tom Holland, Josh Brolin နှင့် Paul Rudd တို့ဖြစ်ပါတယ်။

Avengers ဇာတ်လမ်းအဆက်ထဲမှာ Earth’s Mightiest Heroes တွေနှင့် Guardians of the Galaxy တွေ ပူးပေါင်းပြီး Josh Brolin ရဲ့ Thanos ကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။

Captain America: The Winter Soldier နှင့် Captain America: Civil War တို့ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Anthony နှင့် Joe Russo တို့က Avengers: Infinity War နှင့် အမည်မပေးရသေးတဲ့ ၄ ကားမြောက်ဇာတ်ကားကို အတ္တလန်တာမြို့မှာ တစ်ပြိုင်တည်း ရိုက်ကူးမှာဖြစ်ပြီး Christopher Markus နှင့် Stephen McFeely တို့က ဇာတ်ညွှန်းရေးသားထားပါတယ်။ ၂ ကားစလုံးကို IMAX ကင်မရာနှင့် အပြည့်အဝရိုက်ကူးမှာဖြစ်ပါတယ်။

Marvel’s Avengers: Infinity War ကို ၂၀၁၈ ခုနှစ် မေလ ၄ ရက်မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ Avengers တွေက ၂၀၁၉ ခုနှစ် မေလ ၃ ရက်မှာ ရုံတင်ပြသမည့် အမည်မပေးရသေးတဲ့ ၄ ကားမြောက်ဇာတ်ကား ပြန်လည်စုံစည်ရဦးမှာဖြစ်ပါတယ်။

    Bruce

    #celebrity.thithtoolwin.com

     Source: Comingsoon