Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Black Panther ဇာတ်ကားထဲမှ Character Portraits များထွက်ရှိလာ

Black Panther ဇာတ်ကားထဲမှ Character Portraits များထွက်ရှိလာ

| No comment



 Black Panther ဇာတ်ကားထဲမှ Character Portraits သစ် ၉ ခုကို Entertainment Weekly မှတဆင့်ဖော်ပြလိုက်ပါတယ်။ ပုံတွေထဲမှာ Chadwick Boseman ကို T’Challa အဖြစ်၊ Michael B. Jordan ကို Erik Killmonger အဖြစ်၊ Lupita Nyong’o ကို Nakia အဖြစ်၊ Danai Gurira ကို Okoye အဖြစ်၊ Daniel Kaluuya ကို W’Kabi အဖြစ်၊ Letitia Wright ကို Shuri အဖြစ်၊ Winston Duke ကို M’Baku အဖြစ်၊ Angela Bassett ကို Ramonda အဖြစ်နှင့် Forest Whitaker ကို Zuri အဖြစ် တွေမြင်ရမှာဖြစ်ပါတယ်။

Andy Serkis နှင့် Martin Freeman တို့လည်းပါဝင်ထားတဲ့ Marvel’s Black Panther ဇာတ်ကားမှာ နည်းပညာထွန်းကားပြီး သီခြားနိုင်ငံဖြစ်တဲ့ အာဖရီကန်နိုင်ငံ Wakanda ကို ဖခင်သေဆုံးပြီးနောက်မှာ ဘုရင်အဖြစ် နန်းတက်ဖို့ ပြန်လာတဲ့ T’Challa အကြောင်းကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒါပေမယ့် ရန်သူဟောင်းတစ်ယောက် ပြန်ပေါ်လာပြီး Wakanda နိုင်ငံနှင့် ကမ္ဘာကြီးရဲ့ ကံကြမ္မာတစ်ခုလုံး အန္တရာယ်ကျရောက်လာနိုင်တဲ့ ပဋိပက္ခတွေ ဖြစ်ပွားလာတဲ့အခါမှတော့T’Challa ရဲ့ဘုရင်အဖြစ်နဲ့ Black Panther အဖြစ် အနိုင်မခံအရှုံမပေးတတ်တဲ့ စိတ်ဓာတ်ကို စမ်းသပ်ခြင်းခံခဲ့ရပါတယ်။

ဒီဇာတ်ကားကို Ryan Coogler က ရိုက်ကူးထားပြီး Kevin Feige နှင့် Louis D’Esposito, Victoria Alonso, Nate Moore, Jeffrey Chernov တို့က ထုတ်လုပ်ထားပြီး Stan Lee က အမှုဆောင်ထုတ်လုပ်သူအဖြစ် ဆောင်ရွက်ထားပါတယ်။ Stan Lee နှင့် Jack Kirby တို့ရဲ့ Fantastic Four ခေတ်စားနေချိန် ၁၉၆၆ ခုနှစ်က ပွဲဦးထွက်ခဲ့တဲ့ Marvel Comics ဇာတ်ကောင်ကို အခြေခံပြီး Ryan Coogler နှင့် Joe Robert Cole တို့က ဇာတ်ညွှန်းရေးသားထားပါတယ်။


Black Panther ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်တွင် ရုံတင်ပြသမှာဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာ ရုံတင်ပြသမည့် Marvel ဇာတ်ကား ၃ ကားထဲမှ ပထမဆုံး ဇာတ်ကားဖြစ်ပြီး Avengers: Infinity War နှင့် Ant-Man and the Wasp တို့ကိုလည်း ပြသသွားမှာဖြစ်ပါတယ်။

 RII


 #celebrity.thithtoolwin.com


Source: Comingsoon