ပြီးခဲ့တဲ့နှစ်က Arrival ဇာတ်ကားမှာ Compose လုပ်ပေးခဲ့သူ Jóhann Jóhannsson ဟာ Denis Villeneuve ရဲ့ Blade Runner 2049 ဇာတ်ကားမှာ ပါဝင်ခဲ့ပြီးတဲ့နောက် အောက်တိုဘာလ ထုတ်လုပ်ရက်နီးကပ်လာချိန်မှာနောက်ထပ် Composer နှစ်ဦးထပ်တိုးလာခဲ့ပါတယ်။ သူတို့ကတော့ တခြားလူတွေမဟုတ်ပါဘူး Hidden Figures, It စတဲ့ ဇာတ်ကားတွေရဲ့ Composer ဖြစ်သူ Benjamin Wallfisch နဲ့ Inception, The Dark Knight တွေကို တီးခတ်ခဲ့တဲ့ Hans Zimmer တို့ပါပဲ။
Studio Cine Live ကတစ်ဆင့် ဒါရိုက်တာ Villeneuve ရဲ့ ပြောကြားချက်အရ Johannsson ဟာ ပရောဂျက်ထဲကနေ ထွက်ခွာသွားတာ မဟုတ်ပဲ နောက်နှစ်ယောက်က ကူညီဖို့အတွက် ထပ်မံရောက်ရှိလာတာဖြစ်တယ်လို့ သိရပါတယ်။ “Vangelis ရဲ့ ရှုထောင့်ကို ရဖို့ ခက်ခဲပါတယ်။ ကျွန်တော်တို့အနေနဲ့ အသက်ရှုမှားလောက်တဲ့ Johann ရဲ့ အမိုက်စားသံစဉ်တွေကို ရရှိပြီးဖြစ်ပေမယ့် နောက်ထပ်ရသတစ်မျိုးနဲ့ Hans ရဲ့ အကူအညီကို အလိုရှိခဲ့ပါတယ်” လို့ ဆိုခဲ့တာပါ။ Zimmer နဲ့ Wallfisch တို့ဟာ လက်ရှိရုံတင်နေတဲ့ ခရစ္စတိုဖာနိုလန်ရဲ့ Dunkirk ဇာတ်ကားမှာလည်း တီးခတ်ထားပါတယ်။
Johannsson နဲ့ Villeneuve တို့ဟာ Sicario နဲ့ Arrival တို့လို ဇာတ်ကားကောင်းတွေမှာလည်း လက်တွဲခဲ့ဖူးပြီး တကယ်မိုက်တဲ့ အသံတွေ နားထောင်ခဲ့ရပါတယ်။ Hans Zimmer ပူးပေါင်းလာတဲ့ Blade Runner 2049 ဇာတ်ကားကို လာမယ့် အောက်တိုဘာလ ၄ရက်နေ့မှာ စတင်ရုံတင်ပြသမှာဖြစ်ပြီး Harrison Ford, Ryan Gosling, Jared Leto တို့လို မင်းသား အကျော်အမော်တွေ ပါဝင်လာမှာပါ။
#celebrity.thihtoolwin.com
Ref: The Verge