Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Captain Marvel ဇာတ်ကားထဲတွင် ပါဝင်မည့် Skrull Concept Art ထွက်ရှိလာ

Captain Marvel ဇာတ်ကားထဲတွင် ပါဝင်မည့် Skrull Concept Art ထွက်ရှိလာ

| No comment

ပီးခဲ့တဲ့ရက်သတ္တပတ်က San Diego Comic-Con မှာ Captain Marvel ဇာတ်ကားနှင့် ပတ်သတ်တဲ့ အချက်အလက်တွေကို Marvel Studios ဥက္ကဌ Kevin Feige က ဖော်ပြခဲ့ပါတယ်။ အဲ့ဒီထဲမှာပါဝင်တဲ့ အချက်အလက်တွေထဲက တစ်ခုကတော့ ဇာတ်ကားရဲ့ ဗီလိန်က နာမည်ဆိုးနှင့် ကျော်ကြားတဲ့ Skrulls ဖြစ်မယ်ဆိုတာပါပဲ။ Concept ရေးဆွဲသူ Jerad S.Marantz က ဇာတ်ကားနှင့် ဗီလိန်အတွက် သူရေးဆွဲထားတဲ့ ပုံတွေကို Instagram မှာတင်ခဲ့ပါတယ်။

သတိပြုရမည့်အချက်ကတော့ Marantz က သူရေးထားတဲ့ စာထဲမှာ Super-Skrull လို့ အတိအကျ ဖော်ပြထားတာပါ။ ဒီဇာတ်ကောင်က Fantastic Four ရဲ့ စုပေါင်းထားတဲ့ စွမ်းအားကို ပိုင်ဆိုင်ထားသူဖြစ်ပေမယ့် Fantastic Four ဇာတ်ကောင်တွေရဲ့ မူပိုင်ခွင့်ကို Marvel Studios က မပိုင်ဆိုင်ထားတာကြောင့် ဒီဇာတ်ကောင်သာ ဇာတ်ကားထဲမှာပါလာခဲ့ရင် ဘယ်လိုစွမ်းအားတွေကို ပိုင်ဆိုင်ထားမလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Captain Marvel ဇာတ်ကားနှင့် ပတ်သတ်တဲ့ နောက်ထပ် အချက်အလက်တစ်ခုကတော့ Samuel L. Jackson က Nick Fury အဖြစ်ပါဝင်မယ်ဆိုတာပါပဲ။ ဒါပေမယ့် ၉၀ ခုနှစ် အစောပိုင်းမှာ ဇာတ်လမ်းတည်ထားတဲ့အတွက် သူ့ရဲ့ မျက်လုံးနှစ်ဖက်လုံးက အကောင်းတိုင်ရှိနေမှာပါ။ Captain Marvel ဇာတ်ကားကို နောက်နှစ်ထဲမှာ Los Angeles, California မှာ စတင်ရိုက်ကူးမှာဖြစ်ပါတယ်။

Brie Larson က ခေါင်းဆောင်မင်းသမီးအဖြစ်ပါဝင်မှာဖြစ်ပြီး ဒါရိုက်တာ Anna Boden နှင့်Ryan Fleck (Mississippi Grind) တို့က ရိုက်ကူးမှာဖြစ်ပါတယ်။ Meg LeFauve နှင့် Nicole Perlman တို့က ဇာတ်လမ်းရေးသားထားပြီး Kevin Feige က ထုတ်လုပ်မှာဖြစ်ပါတယ်။ Stan Lee နှင့်အတူ Marvel Studios မှ Louis D’Esposito, Victoria Alonso နှင့် Jonathan Schwartz တို့က အမှုဆောင်ထုတ်လုပ်သူများအဖြစ် ဆောင်ရွက်ထားကြပါတယ်။

ပုံမှန် Marvel ရုပ်ပြဇာတ်လမ်းတွဲထဲမှာတော့ Carol Danvers က ၁၉၆၈ ခုနှစ်ထုတ် Marvel Super-Heroes #13 မှာ ပထမဆုံးပါဝင်ခဲ့တာဖြစ်ပါတယ်။ အမေရိကန်လေတပ်မှာ Security Chief အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ Danvers ဟာ နောက်ပိုင်းမှာ Kree နည်းပညာပေါက်ကွဲမှုတစ်ခုကြောင့် စူပါဟီးရိုး Ms. Marvel အဖြစ်ပြောင်းလဲသွားတာဖြစ်ပါတယ်။ မကြာသေးခင်ကမှ Danvers ကို  Kree စူပါဟီးရိုး အဖြစ် အဆင့်တိုးမြှင့်ခံရပြီးနောက်ပိုင်းမှ Captain Marvel အဖြစ်ပြောင်းလဲခေါ်ဆိုခဲ့တာဖြစ်ပါတယ်။
Captain Marvel ဇာတ်ကားကို ၂၀၁၉ ခုနှစ်၊ မတ်လ ၈ ရက်မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။

Brucee

#celebrity.thithtoolwin.com

Source: Comingsoon