Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / ဝင်ငွေအကောင်းဆုံး DCEU ဇာတ်ကားဖြစ်လာတဲ့ Wonder Woman

ဝင်ငွေအကောင်းဆုံး DCEU ဇာတ်ကားဖြစ်လာတဲ့ Wonder Woman

| No comment

Wonder Woman ရဲ့ တောက်ပမှုကိုတော့ မှေးမှိန်သွားအောင်လုပ်လို့မရပါဘူး။ Gal Gadot ပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာ Patty Jenkins ရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာ DC Extended Universe ထဲက ဇာတ်ကားတွေအားလုံးထဲမှာ ဝင်ငွေအကောင်းဆုံး မှတ်တိုင်ကို စိုက်ထူနိုင်ခဲ့ပါပြီ။

အစိမ်းသက်သက်ဖြစ်နေတဲ့ သူတွေအတွက် ပြောပြရမယ်ဆိုရင် DCEU ဆိုတာက Man of Steel, Batman v Superman: Dawn of Justice, Suicide Squad နှင့် တခြားဇာတ်ကားတွေ အခြေတည်ထားတဲ့ လောကကို ပြောတာဖြစ်ပါတယ်။ အခုတော့ အဲ့ဒီဇာတ်ကားတွေအားလုံးထဲမှာ Wonder Woman က ပြည်တွင်း ရုံတင်ဝင်ငွေအကောင်းဆုံး ဖြစ်လာပါပြီ။

Warner Bros. က ကြာသပတေးနေ့က ပြသမှုမှာ အမေရိကန်ဒေါ်လာ ၂.၆၈၅ သန်း ရရှိခဲ့တဲ့အတွက် တစ်စတစ်စ တိုးပွားလာနေတဲ့ ပြည်တွင်း ရုံတင်ဝင်ငွေဟာ အဲ့ဒီအချိန်မှာ အမေရိကန်ဒေါ်လာ ၃၃၀.၅၃၃ သန်း ရရှိခဲ့ပြီး ထိပ်ဆုံးဖြစ်နေခဲ့တဲ့ Batman v Superman: Dawn of Justice ကို ကျော်တယ်ဆိုရုံလေး ကျော်သွားခဲ့ပါတယ်။ သောကြာနေ့ ပြသမှုမှာတော့ အမေရိကန်ဒေါ်လာ ၄.၃၅ သန်း ထပ်မံရရှိခဲ့တဲ့အတွက် Wonder Woman ရဲ့ စုစုပေါင်း ရုံတင်ဝင်ငွေက အမေရိကန်ဒေါ်လာ ၃၃၄.၉ သန်း ဖြစ်သွားပါပြီ။

Diana Prince ပထမဆုံး ပါဝင်ခဲ့တဲ့ Batman v Superman က ပြသမှုအားလုံး အပြီးမှာ ပြည်တွင်း ရုံတင်ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၃၀.၃၆ သန်း ရရှိခဲ့ပါတယ်။ ဒီဇာတ်ကားရဲ့ နိုင်ငံတကာ ရုံတင်ဝင်ငွေ အမေရိကန်ဒေါ်လာ ၈၇၃.၂၆ သန်း ကို Wonder Woman က ကျော်နိုင်ဖို့တော့ နည်းနည်းလိုနေသေးပေမယ့် လမ်းကြောင်းပေါ်ရောက်နေပါပြီ။

နိုင်ငံတကာ ရုံတင်ဝင်ငွေ အမေရိကန်ဒေါ်လာ ၆၇၀.၆၈ သန်း ရရှိထားတဲ့ Wonder Woman က Man of Steel ရဲ့ နိုင်ငံတကာ ရုံတင်ဝင်ငွေ အမေရိကန်ဒေါ်လာ ၆၆၈.၀၅ သန်းနှင့် Suicide Squad ရဲ့ စုစုပေါင်း ပြည်တွင်း ရုံတင်ဝင်ငွေ ၃၂၅.၁ သန်း ကိုတော့ ကျော်လာခဲ့ပါပြီ။

Wonder Woman ဇာတ်ကားမှာ Chris Pine, Connie Nielsen, Robin Wright, Danny Huston, David Thewlis နှင့် Lucy Davis တို့ပါဝင်ထားပါတယ်။ တရားဝင် မကြေညာရသေးပေမယ့် Jenkins က နောက်ဆက်တွဲ ဇာတ်လမ်းအကြောင်းကို သဲလွန်စပေးနေပါပြီ။ ရရှိထားတဲ့ အောင်မြင်မှုတွေကို ကြည့်ရတာတာတော့ နောက်ဆက်တွဲ ဇာတ်လမ်းအတွက် မီးစိမ်းပြဖို့ သိပ်မလိုတော့ပါဘူး။

    RII

  #celebrity.thithtoolwin.com

   Source: EW