Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Demi Lovato ရဲ့ 'Sorry Not Sorry' သီချင်းသစ်ထွက်ရှိလာ

Demi Lovato ရဲ့ 'Sorry Not Sorry' သီချင်းသစ်ထွက်ရှိလာ

| No comment



မုန်းချင်တဲ့သူတွေကတော့ မုန်းကြမှာပါပဲ။ Demi Lovato ကတော့ သူတို့ မျက်နှာတွေကို ကြည့်ပြီး ဟားတိုက်နေမှာပါ။ ညသန်ခေါင်တိတိမှာ ထွက်ခဲ့တဲ့ 'Sorry Not Sorry' သီချင်းထဲမှာ  pop အဆိုတော်က action hero အဖြစ်ပြောင်းလဲထားပါတယ်။

Zaire Koalo, Trevor Brown နှင့် Warren "Oak" Felder တို့ ထုတ်လုပ်ထားပြီး girl-power anthem အဖြစ်သတ်မှတ်ခံရမည့် နောက်ဆုံးထွက်သီချင်းထဲမှာ "Confident" သီချင်းအဆိုတော်က တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်နေပါတယ်။

သီချင်းထဲမှာ "Payback is a bad bitch/And baby I'm the baddest/You fuckin with a savage/Baby, I'm sorry (I'm not sorry)." လို့ သီဆိုထားပါတယ်။

Lovato က သူမရဲ့ လူမှုကွန်ယက်မှာ တီးလုံးသာပါတဲ့ အပိုင်းတိုလေးတွေနှင့် သီချင်းနာမည် သဲလွန်စတွေပေးခဲ့ပြီး ဒီနေ့မှာတော့ သီချင်းကို ပွဲထုတ်လိုက်ပါပြီ။ ဒီနှစ်နောက်ပိုင်းမှာ ထွက်ရှိလာမည့် ၆ ခုမြောက် အယ်လ်ဘမ်ထဲက ပထမဆုံးသီချင်းဖြစ်ပါတယ်။ ဒီအယ်လ်ဘမ်က soulful ဖြစ်ပြီး R&B အထိအတွေ့ပါဝင်မယ်လို့ Billboard ကို မကြာသေးခင်ကပြောပြခဲ့ပါတယ်။



       RII

      #celebrity.thithtoolwin.com

      Source: Billboard