Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / EXO အဖွဲ့၏ Reggae နှင့် EDM ရောစပ်ထားသော 'Ko Ko Bop' သီချင်းဗီဒီယိုထွက်ရှိလာ

EXO အဖွဲ့၏ Reggae နှင့် EDM ရောစပ်ထားသော 'Ko Ko Bop' သီချင်းဗီဒီယိုထွက်ရှိလာ

| No comment

နောက်ဆုံးသီချင်းထွက်ခဲ့တာ နှစ်ဝက်ကျော်သွားပြီဖြစ်တဲ့ နာမည်ကျော် K-pop အဖွဲ့ EXO က သူတို့ရဲ့ နောက်ဆုံးပေါ်သီချင်း 'Ko Ko Bop' ကို ဇူလိုင်လ ၁၈ ရက်က ထွက်ရှိခဲ့ပါတယ်။

အသစ်ထွက်ရှိလာတဲ့ The War အယ်လ်ဘမ်ထဲက ခေါင်းစီသီချင်ဖြစ်တဲ့ 'Ko Ko Bop' ကတော့ နာမည်ကျော် K-pop အဖွဲ့ရဲ့ ရွှင်မြူးတက်ကြွတဲ့ အကသီချင်းဖြစ်ပါတယ်။ Reggae စည်းချက်၊ bass-driven dancehall နှင့် trap elements တွေရောနှောထားတဲ့ ဒီသီချင်းဟာ နွေရာသီနှင့်လိုက်ဖက်တဲ့ ပြေပြစ်တဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။

ကန့်သတ်ချုပ်ချယ်မှုတွေမရှိဘဲ စိတ်ဖြေလျှော့ပြီး ကကြဖို့ သီဆိုထားတဲ့ 'Ko Ko Bop' သီချင်းရဲ့ စာသားကို အဖွဲ့ဝင်တွေဖြစ်တဲ့ Chen, Chanyeol နှင့် Baekhyun တို့က ပါဝင်ရေးသားထားပါတယ်။ တောက်ပတဲ့ သီဆိုသံတွေကို ခြုံငုံကြည့်လိုက်ရင် သက်သောင့်သက်သာဖြစ်နေပြီး ၂၀၁၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ “Wolf” ကို ပြန်သတိရစေမည့် ငြင်သာတဲ့ မြည်တမ်းသံတွေလည်းပါဝင်ပါတယ်။ မာန်ပါပါ rap သီဆိုမှုတွေနှင့် ထင်ရှားပြတ်သားတဲ့ dance breaks တွေက ခေါင်းစီစာသားကို ထုတ်ဖော်ကြေညာလိုက်တဲ့ သီချင်းရဲ့ အဆုံးသတ်အထိ မောင်းနှင်သွားပါတယ်။

SM Entertainment ရဲ့ ကုမ္ပဏီတူအဖွဲ့ဖြစ်တဲ့ NCT 127 ဇူလိုင်လက ထွက်ရှိခဲ့တဲ့ “Cherry Bomb” သီချင်းလိုပဲ EXO ရဲ့ နောက်ဆုံးထွက်သီချင်း 'Ko Ko Bop' ဆိုတဲ့ ခေါင်းစဉ်ကလည်း ကလေးသီချင်းနှင့် လက်ခုပ်တီးပြီးကစားရတဲ့ “Down Down Baby” ရဲ့ သံပြိုင်သီဆိုရတဲ့ အပိုဒ်ကနေ ရရှိလာတာဖြစ်ပါတယ်။
သီချင်းထဲမှာရော သီချင်းဗီဒီယိုထဲမှာပါ EXO အဖွဲ့ဝင် ၈ ယောက်သာပါဝင်ထားပြီး တရုတ်နိုင်ငံမှာ တစ်ကိုယ်တော်လှုပ်ရှားမှုတွေနှင့် အလုပ်ရှုပ်နေတဲ့ အဖွဲ့ဝင် Lay ကတော့ မပါဝင်ခဲ့ပါဘူး။ တောင်ကိုရီးယားနိုင်ငံနှင့် တရုတ်နိုင်ငံကြားက တင်းမာမှုတွေရှိနေပေမည့် Lay ကတော့ တရုတ်နိုင်ငံသားဖြစ်နေတာကြောင့် သူမွေးရပ်မြေမှာ လှုပ်ရှားမှုလုပ်ခွင့်ရရှိနေဆဲဖြစ်တဲ့ K-pop စတားအနည်းစုထဲက တစ်ယောက်ဖြစ်ပါတယ်။

'Ko Ko Bop' ရဲ့ သီချင်းဗီဒီယိုကတော့ EXO ရဲ့ ဆဋ္ဌဂံပုံစံ အမှတ်တံဆိပ်တွေ ရိုက်နှိပ်ထားတဲ့ သက်တံ့ရောင် သကြားလုံးတွေကြောင့်ဖြစ်ပေါ်လာတဲ့ စိတ်ကူးယဉ် ခရီးစဉ်ပဲဖြစ်ပါတယ်။ ဗီဒီယိုထဲမှာ မိုးတိမ်တိုက်လေးတစ်ခုက ခွက်ပေါ်မှာ လွှမ်းမိုးနေပြီး ဟမ်ဘာကာကြီးတွေက Cloudy With a Chance of Meatballs ဇာတ်ကားထဲကလိုပဲ  ကောင်းကင်ပေါ်မှာ လွင့်ပျံနေပါတယ်။ EXO ကလည်း သီချင်းဆိုရင်း body-roll ပါဝင်တဲ့ ကကွက်တွေကို ပြသထားပါတယ်။

'Ko Ko Bop' သီချင်းက EXO အဖွဲ့ရဲ့ အသစ်ထွက်ရှိလာတဲ့ အယ်လ်ဘမ်သစ်ထဲမှာ ပါဝင်တဲ့ သီချင်း ၉ ပုဒ်ထဲက တစ်ပုဒ်ဖြစ်ပါတယ်။ ဒီဇင်ဘာလက ထွက်ရှိခဲ့တဲ့ ဆောင်းရာသီအယ်လ်ဘမ် For Life ထွက်ရှိပြီးနောက်မှာ ပထမဆုံးထွက်ရှိလာတဲ့ The War အယ်လ်ဘမ်မှာ ပါးပါးနပ်နပ် produced လုပ်ထားပြီး sonic styles မျိုးစုံပါဝင်တဲ့ စုစည်းမှုတစ်ခုဖြစ်ပြီး electro-pop jam သီချင်း “The Eve” နှင့် စတင်ထားပြီး orchestral midtempo frenzy သီချင်း “Going Crazy” နိဂုံးချုပ်ထားပါတယ်။

    RII

   #celebrity.thithtoolwin.com

    Source: Billboard