Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / စိတ်ဝင်စားဖွယ် Fantastic Beasts 2 ဇာတ်လမ်းအကျဉ်း ထွက်ရှိလာ

စိတ်ဝင်စားဖွယ် Fantastic Beasts 2 ဇာတ်လမ်းအကျဉ်း ထွက်ရှိလာ

| No comment

Fantastic Beasts and Where to Find Them ကနေ အစပြုခဲ့ပြီး J.K. Rowling ရဲ့ Wizarding World ထဲမှာ အခြေတည်ထားတဲ့ ဇာတ်ကား ၅ ကားပါဝင်မည့် ဇာတ်လမ်းတွဲထဲက ဒုတိမြောက်ဇာတ်ကား ရဲ့ စွန့်စားခန်းသစ်ကို ဇူလိုင်လ ၃ ရက် တနင်္လာနေ့က ရိုက်ကူးရေးစတင်လိုက်ပါပြီ။ အမည်မပေးရသေးတဲ့ ဒီဇာတ်ကားကို ဒါရိုက်တာ David Yates က ရိုက်ကူးနေတာဖြစ်ပါတယ်။

အော်စကာဆုရှင် Eddie Redmayne (The Theory of Everything) က မှော်ဝင်သတ္တဝါတွေကို စောင့်ရှောက်တဲ့ Newt Scamander အဖြစ်၊ Katherine Waterston က Auror Tina Goldstein အဖြစ်၊ Alison Sudol က Tina ရဲ့ညီမ Queenie Goldstein အဖြစ်၊ Dan Fogler က သူတို့ ၄ ယောက်ထဲက တစ်ဦးတည်သော No-Maj ဖြစ်တဲ့ Jacob Kowalski အဖြစ် ပြန်လည်ပါဝင်ထားကြပါတယ်။

အော်စကာ ဆန်ကာတင်စာရင်းဝင် Johnny Depp (the Pirates of the Caribbean movies, Finding Neverland) က အစွမ်းထက်ပြီး ဆိုးသွမ်းတဲ့ မှော်ဆရာ Gellert Grindelwald အဖြစ်ပါဝင်ထားပါတယ်။ အော်စကာ ဆန်ကာတင်စာရင်းဝင် Jude Law (The Talented Mr. Ripley, Cold Mountain) က J.K. Rowling  ရဲ့ လူချစ်လူခင်များတဲ့ ဇာတ်ကောင်တွေထဲက တစ်ယောက်ဖြစ်တဲ့ Albus Dumbledore က Hogwarts ကျောင်းကြီးရဲ့ ကျောင်းအုပ်မဖြစ်ခင် လူငယ်ဘဝကို သရုပ်ဆောင်ရမှာဖြစ်ပါတယ်။ ပထမဇာတ်ကားရဲ့ အဆုံးသတ်မှာ သူ့ကံကြမ္မာက ဘယ်လိုဖြစ်သွားလဲ မသိလိုက်ရတဲ့ Credence ကလည်း ပဟေဠိဆန်ဆန် ပြန်ပါလာပြီးတော့ Ezra Miller ကပဲ သရုပ်ဆောင်ထားပါတယ်။

 Zoë Kravitz ကတော့ Newt ရဲ့ အတိတ်က ပတ်သက်ခဲ့ပြီး ဓာတ်ပုံထဲမှာ တွေ့လိုက်ရတဲ့ အမျိုးသမီး Leta Lestrange အဖြစ်၊ Callum Turner က Newt ရဲ့ အစ်ကိုကြီးဖြစ်ပြီး စစ်သူရဲကောင်း နှင့် Auror နာမည်ကျော် Theseus Scamander အဖြစ်၊ Claudia Kim က မှော်ဆပ်ကပ်ပြပွဲမှာ ပထမဆုံးတွေ့ရမည့် မိန်းကလေးအဖြစ် သရုပ်ဆောင်ထားကြပါတယ်။

နာမည်ဆိုးနှင့် ကျော်ကြားတဲ့ ဆိုးသွမ်းတဲ့ မှော်ဆရာ Gellert Grindelwald ကို Newt ရဲ့ အကူအညီနှင့် ဖော်ထုတ်ပြီး ဖမ်းဆီးနိုင်ခဲ့ပြီး နောက်ပိုင်း လအနည်းငယ်ကြာ ၁၉၉၇ ခုနှစ်မှာ စဖွင့်ထားပြီး J.K. Rowling က ဇာတ်ညွှန်းရေးသားထားပါတယ်။ ဒါပေမယ့်လည်း ရအောင် ထွက်ပြေးပြမယ်လို့ ကတိပေးထားတဲ့အတိုင်း Grindelwald က အံ့ဖွယ်ကောင်းလောက်အောင် လွတ်မြောက်သွားပြီး မှော်ပညာမတတ်သူတွေရဲ့ အထက်မှာ မှော်ဆရာတွေကို မြှောက်စားဖို့ နောက်လိုက်တွေ စုဆောင်းပါတော့တယ်။

သူ့ကို တားဆီးနိုင်မည့် တစ်ဦးတည်သောသူကတော့ တစ်ချိန်က အချစ်ဆုံးသူငယ်ချင်းဖြစ်ခဲ့တဲ့ Albus Dumbledore ပါပဲ။ ဒါပေမယ့် Dumbledore က အရင်က Grindelwald ကို ကဖျက်ကယက်လုပ်ခဲ့တဲ့ မှော်ဆရာဖြစ်ပြီး သူ့ရဲ့ တပည့်ဟောင်းဖြစ်တဲ့ Newt Scamander ရဲ့ အကူအညီကို လိုအပ်ပါတယ်။ ဒီစွန့်စားခန်းက Newt ကို Tina, Queenie နှင့် Jacob တို့နှင့် ပြန်လည်ဆုံစည်းစေခဲ့ပေမယ့် အန္တရာယ်ပိုများလာပြီး သဘောထားကွဲလွဲနေတဲ့ မှော်လောကကြီးထဲမှာ ဘေးရန်အသစ်တွေကို ရင်ဆိုင်ရင်း သူ့ရဲ့ စစ်ဆင်ရေးကတော့ သူတို့ရဲ့ သစ္စာရှိမှုကို စမ်းသပ်လာမှာပါ။

ဒီဇာတ်ကားမှာ နယူးယော့မြို့ကနေ လန်ဒန်မြို့နှင့် ပါရီမြို့ကို ရွှေ့ပြောင်းလားတဲ့အတွက် မှော်လောကကြီးက ပိုကျယ်ပြန့်လာပါတယ်။ မမျှော်လင့်ထားတဲ့ Harry Potter ဇာတ်လမ်း အညွှန်းတွေကြောင့် စာအုပ်နှင့် ရုပ်ရှင်ဇာတ်လမ်းတွဲ ပရိသတ်တွေအတွက်လည်း စိတ်ကျေနပ်စေမှာပါ။

နောက်ထပ်ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကတော့ William Nadylam က မှော်ဆရာ Yusuf Kama အဖြစ်၊ Ingvar Sigurdsson က bounty hunter Grimmson အဖြစ်၊ Ólafur Darri Ólafsson က က မှော်ဆပ်ကပ်အဖွဲ့ကို ဦးစီးတဲ့ Skender အဖြစ်၊ Kevin Guthrie က MACUSA (Magical Congress of the USA) မှာတွေ့ရတဲ့ Tina နှင့် Queenie ရဲ့ ဆရာ Abernathy အဖြစ် သရုပ်ဆောင်ထားကြပါတယ်။

ဒီဇာတ်ကားကို David Heyman, J.K. Rowling, Steve Kloves နှင့် Lionel Wigram တို့က ထုတ်လုပ်ထားပြီး Tim Lewis, Neil Blair, Rick Senat နှင့် Danny Cohen တို့က အမှုဆောင်ထုတ်လုပ်သူအဖြစ် ဆောင်ရွက်ထားပါတယ်။

Yates နှင့် ဇာတ်ကားရဲ့ နောက်ကွယ်မှာ ပူပေါင်းပါဝင်ထားတဲ့ creative teams အဖွဲ့သားတွေကတော့ အော်စကာဆုရှင် director of photography Philippe Rousselot (A River Runs Through It) က ဦးဆောင်ထားတဲ့ ၃ ထပ်ကွမ်း အော်စကာဆုရှင် production designer Stuart Craig (The English Patient, Dangerous Liaisons, Gandhi, the Harry Potter films), ၃ ထပ်ကွမ်း BAFTA ဆုရှင် editor Mark Day (the last four Harry Potter films, State of Play), ၄ ထပ်ကွမ်း အော်စကာဆုရှင် costume designer Colleen Atwood (Fantastic Beasts and Where to Find Them, Chicago, Memoirs of a Geisha, Alice in Wonderland), အော်စကာဆုရှင် visual effects supervisor Tim Burke (Gladiator, the Harry Potter films), အော်စကာ ဆန်ကာတင်စာရင်းဝင် visual effects supervisor Christian Manz (Harry Potter and the Deathly Hallows – Part 1) တို့ပဲဖြစ်ပါတယ်။

ဒီဇာတ်ကားကို ပထမဆုံး Harry Potter ဇာတ်ကား စတင်ကတည်းက Wizarding World ရဲ့ ဇာတိဖြစ်တဲ့ Warner Bros. Studios Leavesden မှာ ရိုက်ကူးနေတာဖြစ်ပါတယ်။

၂၀၁၈ ခုနှစ် နိုင်ဝင်ဘာလ ၁၆ ရက်မှာ ပြသမည့် ဒီဇာတ်ကားကို Warner Bros. Pictures, a Warner Bros. Entertainment Company က နိုင်ငံတကာမှာ ဖြန့်ချိမှာဖြစ်ပါတယ်။


      Jackie

    #celebrity.thithtoolwin.com

    Source: Comingsoon