Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Girls’ Generation အဖွဲ့၏ “Holiday Night” အယ်လ်ဘမ်မှ Hyoyeon ၏ Teaser ဗီဒီယိုနှင့် ဓာတ်ပုံများ ထွက်ရှိလာ

Girls’ Generation အဖွဲ့၏ “Holiday Night” အယ်လ်ဘမ်မှ Hyoyeon ၏ Teaser ဗီဒီယိုနှင့် ဓာတ်ပုံများ ထွက်ရှိလာ

| No comment







Girls’ Generation အဖွဲ့က “Holiday Night” အယ်လ်ဘမ်မှ နောက်ထပ် Teaser ဗီဒီယိုသစ်နှင့် ဓာတ်ပုံများသစ်များကို မျှဝေလိုက်ပါတယ်။

အဖွဲ့ဝင် Hyoyeon ၏ Teaser ဗီဒီယိုနှင့် ဓာတ်ပုံများနှင့် သီချင်းသစ်၏ preview က ဇူလိုင်လ ၂၉ ရက် ကိုရီယားစံတော်ချိန် ညသန်ခေါင်တိတိမှာ ထွက်ရှိလာပါတယ်။ Girls’ Generation အဖွဲ့က အရှေ့ရက်တွေတုန်းက YoonA, Tiffany နှင့် Yuri တို့ရဲ့ teaser တွေကို မျှဝေခဲ့ပြီးဖြစ်ပါတယ်။

Teaser ဗီဒီယိုထဲမှာ Hyoyeon က “အချိန်ကုန်သွားတာ အရမ်းမြန်တယ်လို့ ထင်မိပါတယ်။ ကျွန်မတို့ရဲ့ ဖျော်ဖြေမှု ဗီဒီယိုတွေကို ပြန်ကြည့်ရင် ‘ငါတို့ ဖျော်ဖြေမှုတွေ အများကြီးလုပ်ခဲ့တာပဲ’ လို့ တွေးမိတယ်။ Girls’ Generation ကြောင့် Hyoyeon ဆိုတာ ဖြစ်လာတယ်ဆိုတာ ရှင်းနေတာပဲ။ အရင်တုန်းကတော့ အကောင်းမြင်တတ်ဖို့ ကြိုးစားပြီးနေပေမယ့် အခုတော့ ပျော်ပျော်ပဲနေတယ်လို့ ထင်ပါတယ်” လို့ ပြောပြထားပါတယ်။

သီချင်းသစ် “One Last Time” ရဲ့ preview ကို အဖွဲ့ရဲ့ website က channel 11 မှာ နားဆင်နိုင်ပါတယ်။
အယ်လ်ဘမ်ထဲမှ သီချင်းတိုလေးကို အဖွဲ့ရဲ့ website က မှာ နားဆင်နိုင်ပါတယ်။

“Holiday Night” အယ်လ်ဘမ်မှာ ခေါင်းစီးသီချင်း ၂ ပုဒ် All Night” နှင့် “Holiday” တို့ပါဝင်ပြီး ဩဂုတ်လ ၄ ရက် ကိုရီးယားစံတော်ချိန် ညနေ ၆ နာရီတွင် online မှာ ထွက်ရှိလာမှာဖြစ်ပြီး physical album ကတော့ ဩဂုတ်လ ၇ ရက်မှာထွက်ရှိလာမှာဖြစ်ပါတယ်။




     RII

    #celebrity.thithtoolwin.com

   Source: Soompi