Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Girls’ Generation အဖွဲ့၏ “Holiday Night” အယ်လ်ဘမ်မှ Sooyoung ၏ Teaser ဗီဒီယိုနှင့် ဓာတ်ပုံများ ထွက်ရှိလာ

Girls’ Generation အဖွဲ့၏ “Holiday Night” အယ်လ်ဘမ်မှ Sooyoung ၏ Teaser ဗီဒီယိုနှင့် ဓာတ်ပုံများ ထွက်ရှိလာ

| No comment




Girls’ Generation အဖွဲ့က ပရိသတ်တွေဆီ အရောက်ပြန်လာဖို့ ပြင်ဆင်နေရင်း နောက်ထပ် Teaser ဗီဒီယိုသစ်နှင့် ဓာတ်ပုံများသစ်များကို မျှဝေလိုက်ပါတယ်။

Girls’ Generation အဖွဲ့ရဲ့ အယ်လ်ဘမ်သစ် “Holiday Night” အတွက် အဖွဲ့ဝင် Sooyoung ၏ Teaser ဗီဒီယိုနှင့် ဓာတ်ပုံများက ဇူလိုင်လ ၃၁ ရက် ကိုရီယားစံတော်ချိန် ညသန်ခေါင်တိတိမှာ ထွက်ရှိလာပါတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း YoonA, Tiffany, Yuri နှင့် Hyoyeon တို့ရဲ့ teaser များထွက်ရှိလာအပြီးမှာ သူကတော့ ၅ ယောက်မြောက်ဖြစ်ပါတယ်။

Teaser ဗီဒီယိုထဲမှာ Sooyoung က “Girls’ Generation အဖွဲ့လိုက်ကတော့ စူပါစတားပါပဲ ကျွန်မကတော့ စူပါစတားဟုတ်မဟုတ် မသေချာပါဘူး။ ကျွန်မက Girls’ Generation အဖွဲ့အကြောင်းပြောရင် တခြားသူတွေအကြောင်းကို ပြောနေသလို ခံစားရတယ်” လို့ ပြောပြထားပါတယ်။

Sooyoung က Girls’ Generation အဖွဲ့ထဲမှာရှိနေရလို့ အမှတ်တရကောင်းတွေ ရရှိခဲ့ကြောင်းနှင့် သူမ လုပ်နိုင်မယ်လို့ မထင်ထားတဲ့ အလုပ်တွေအများကြီးကို လုပ်ဖြစ်ခဲ့ကြောင်းလည်း ပြောပြခဲ့ပါတယ်။
သီချင်းသစ် “Love Is Bitter” ရဲ့ preview ကို အဖွဲ့ရဲ့ website က channel 17 မှာ နားဆင်နိုင်ပါတယ်။
“Holiday Night” အယ်လ်ဘမ်မှာ ခေါင်းစီးသီချင်း ၂ ပုဒ် All Night” နှင့် “Holiday” တို့ပါဝင်ပြီး ဩဂုတ်လ ၄ ရက် ကိုရီးယားစံတော်ချိန် ညနေ ၆ နာရီတွင် online မှာ ထွက်ရှိလာမှာဖြစ်ပြီး physical album ကတော့ ဩဂုတ်လ ၇ ရက်မှာထွက်ရှိလာမှာဖြစ်ပါတယ်။



   RII

  #celebrity.thithtoolwin.com

   Source: Soompi