Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Girls’ Generation အဖွဲ့၏ “Holiday Night” သီချင်းမှ ပထမဆုံး YoonA ၏ Teaser ဗီဒီယိုနှင့် ဓာတ်ပုံများ ထွက်ရှိလာ

Girls’ Generation အဖွဲ့၏ “Holiday Night” သီချင်းမှ ပထမဆုံး YoonA ၏ Teaser ဗီဒီယိုနှင့် ဓာတ်ပုံများ ထွက်ရှိလာ

| No comment





 အဖွဲ့ရဲ့ “Holiday Night” သီချင်း ပထမဆုံး Teaser မှာ YoonA က Girls’ Generation အဖွဲ့နှင့်အတူ လှုပ်ရှားခဲ့တာတွေကို အမြတ်နိုး ပြန်ပြောပြထားပါတယ်။

SM Entertainment က “Holiday Night” သီချင်းအတွက် YoonA ရဲ့ teaser ဗီဒီယိုကို ဇူလိုင်လ ၂၇ ရက် ကိုရီယားစံတော်ချိန် ညသန်ခေါင်တိတိမှာ မျှဝေခဲ့ပါတယ်။ ထွက်ရှိလာတဲ့ ဗီဒီယိုမှာ အဖွဲ့ရဲ့ ၁၀ နှစ်ပြည့်အထိမ်းအမှတ်အနေနှင့် hashtag “GIRLSGENERAT10N” လို့ YouTube မှာ ခေါင်းစဉ်တပ်ထားပြီး Twitter မှာတော့ “GIRLS6ENERAT10N” လို့ ရေးသားထားပါတယ်။

Teaser ဗီဒီယိုထဲမှာ YoonA က Girls’ Generation အဖွဲ့နှင့်အတူ လှုပ်ရှားခဲ့တာတွေကို ပြသထားပြီး မျက်ရည်ဝဲရင်းနှင့် အဖွဲ့နှင့်အတူ လှုပ်ရှားခဲ့တဲ့အချိန်တွေအကြောင်းကို လေးလေးနက်နက် ပြောပြထားပါတယ်။
“Girls’ Generation အဖွဲ့အနေနှင့် လှုပ်ရှာတဲ့အချိန်တွေမှာ မတူညီတဲ့ အားထုတ်မှုတွေ၊ လုံ့လတွေ ထွက်လာတယ်လို့ ထင်မိပါတယ်။ ကျွန်မအတွက် အပျော်ရွှင်ဆုံး အချိန်တွေပါ။ တခြားအဖွဲ့ဝင်တွေကိုလည်း တွေ့ခွင့်ရပြီး အမှတ်တရကောင်းတွေလည်း အများကြီးရှိပါတယ်။ ကျွန်မ အဆင်ပြေခဲ့တယ်လို့ ထင်ပါတယ်။”

Girls’ Generation အဖွဲ့က YoonA ရဲ့ teaser ဓာတ်ပုံတွေကိုလည်း မျှဝေခဲ့ပြီး အထူးဗီဒီယိုတစ်ခုကိုလည်း သူတို့ရဲ့ website မှာတင်ခဲ့ပါတယ်။


RII

#celebrity.thithtoolwin.com

Source: Soompi