Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Girls’ Generation အဖွဲ့၏ “Holiday Night” အယ်လ်ဘမ်မှ Yuri ၏ Teaser ဗီဒီယိုနှင့် ဓာတ်ပုံများ ထွက်ရှိလာ

Girls’ Generation အဖွဲ့၏ “Holiday Night” အယ်လ်ဘမ်မှ Yuri ၏ Teaser ဗီဒီယိုနှင့် ဓာတ်ပုံများ ထွက်ရှိလာ

| No comment

 Girls’ Generation အဖွဲ့က ပရိသတ်တွေဆီ အရောက်ပြန်လာဖို့ ပြင်ဆင်နေရင်း Teaser ဗီဒီယိုသစ်နှင့် ဓာတ်ပုံများသစ်များကို မျှဝေလိုက်ပါတယ်။

Girls’ Generation အဖွဲ့ရဲ့ ၆ ခုမြောက် full album “Holiday Night” အတွက် အဖွဲ့ဝင် Yuri ၏ Teaser ဗီဒီယိုနှင့် ဓာတ်ပုံများက ဇူလိုင်လ ၂၉ ရက် ကိုရီယားစံတော်ချိန် ညသန်ခေါင်တိတိမှာ ထွက်ရှိလာပါတယ်။ လွန်ခဲ့တဲ့ ၂ ရက်အတွင်း Tiffany နှင့် YoonA တို့ရဲ့ teaser များထွက်ရှိလာအပြီးမှာ သူကတော့ တတိယမြောက်ဖြစ်ပါတယ်။

Teaser ဓာတ်ပုံပေါ်မှာ “ရယ်စရာကောင်းတာက ကျွန်မက သူများတွေကို နှစ်သိမ့်ပေးဖို့နည်းလမ်းတွေနှင့် သူများတွေက ကျွန်မကို နှစ်သိမ့်ပေးနိုင်တဲ့ နည်းလမ်းတွေအများကြီးရှိပါတယ်။ ကျွန်မမှာ ဖြေရှင်းချက်ကောင်း ၇ ခုလောက် အမြဲတမ်းရှိနေတတ်တယ်” လို့ ရေးသားထားပါတယ်။

Teaser ဗီဒီယိုထဲမှာ Yuri က Girls’ Generation အဖွဲ့နှင့်အတူ လှုပ်ရှားခဲ့တာတွေကို ပြသထားပြီး သူမက ငါအလုပ်ကောင်းကောင်းလုပ်နေရဲ့လားလို့ ကိုယ့်ကိုကိုယ် ခဏခဏပြန်မေးနေတတ်တဲ့သူဖြစ်ကြောင်း၊ သူမကို ရင်ခုန်သံမြန်စေခဲ့တဲ့ အခိုက်အတန့်လေးနှင့် အလွန်အကျွံခံစားမိတဲ့အကြောင်း (ပွဲဦးထွက်ခဲ့တဲ့အကြောင်း) တွေကို ပြောပြခဲ့ပါတယ်။

အယ်လ်ဘမ်ထဲမှ သီချင်းတိုလေးကို အဖွဲ့ရဲ့ website က channel 16 မှာ နားဆင်နိုင်ပါတယ်။
“Holiday Night” အယ်လ်ဘမ်မှာ ခေါင်းစီးသီချင်း ၂ ပုဒ် All Night” နှင့် “Holiday” တို့ပါဝင်ပြီး ဩဂုတ်လ ၄ ရက် ကိုရီးယားစံတော်ချိန် ညနေ ၆ နာရီတွင် online မှာ ထွက်ရှိလာမှာဖြစ်ပြီး physical album ကတော့ ဩဂုတ်လ ၇ ရက်မှာထွက်ရှိလာမှာဖြစ်ပါတယ်။


RII

#celebrity.thithtoolwin.com

Source: Soompi