Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / ထိတ်လန့်ကြောက်ရွံ့ဖွယ်ကောင်းတဲ့ ‘IT’ ဇာတ်ကားနမူနာသစ် ထွက်ရှိလာ

ထိတ်လန့်ကြောက်ရွံ့ဖွယ်ကောင်းတဲ့ ‘IT’ ဇာတ်ကားနမူနာသစ် ထွက်ရှိလာ

| No comment


Stephen King ရဲ့ ထိတ်လန့်ကြောက်ရွံ့ဖွယ်ကောင်းတဲ့ ‘IT’ ဇာတ်လမ်းကို Warner Bros. Pictures နှင့် New Line Cinema က ပိတ်ကားပေါ် ခေါ်ဆောင်လာဖို့ တစ်လကျော်ကျော်ပဲလိုပါတော့တယ်။ ဒီနေ့တော့ ‘IT’ ဇာတ်ကားနမူနာ ထွက်ရှိလာတာကြောင့် သတ္တိရှိရင် ကြည့်ရှုနိုင်ပါပြီ။

King ရဲ့ ၁၉၈၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဝတ္ထုကို (၁၉၉၀ ခုနှစ်တုန်းက တီဗီဇာတ်လမ်းတွဲတိုအဖြစ် ရိုက်ကူးခဲ့ဖူးပါတယ်) အခြေခံပြီးရိုက်ကူးထားတဲ့ ‘IT’ ဇာတ်ကားမှာ Maine ပြည်နယ် Derry မြို့မှာရှိတဲ့ ကလေးတွေ ပျောက်ဆုံးစပြုလာတဲ့ အချိန်မှာ ကလေးတစ်အုပ်စုက ရာစုနှစ်နှင့်ချီပြီးတော့ အကြမ်းဖက်မှုတွေ၊ လူသတ်မှုတွေ ကျူးလွန်ဖူးတဲ့ ရာဇဝင်ရှိတဲ့ မကောင်းဆိုးဝါး လူရွှင်တော် Pennywise နှင့် ထိပ်တိုက်ကြုံတွေ့ရတဲ့အခါမှာတော့ သူတို့ရဲ့ အကြီးမားဆုံး အကြောက်တရားနှင့် ရင်ဆိုင်ရပါတော့တယ်။

 ‘IT’ ဇာတ်ကားမှာ Bill Skarsgård (Allegiant, TV’s Hemlock Grove) က ဇာတ်လမ်းရဲ့ အဓိကကျတဲ့ ဗီလိန် Pennywise အဖြစ်ပါဝင် သရုပ်ဆောင်ထားပါတယ်။ လူငယ်သရုပ်ဆောင်တွေကတော့ Jaeden Lieberher (Midnight Special), Jeremy Ray Taylor (Alvin and the Chipmunks: The Road Chip), Sophia Lillis (37), Finn Wolfhard (TV’s Stranger Things), Wyatt Oleff (Guardians of the Galaxy), Chosen Jacobs (upcoming Cops and Robbers), Jack Dylan Grazer (Tales of Halloween) and Nicholas Hamilton (Captain Fantastic) တို့ဖြစ်ပါတယ်။

IT ဇာတ်ကားကို Chase Palmer ၊ Cary Fukunaga နှင့် Gary Dauberman တို့က ဇာတ်ညွှန်းရေးသားထားပြီး Andrés Muschietti (Mama) က ရိုက်ကူးထားပါတယ်။ Roy Lee, Dan Lin, Seth Grahame-Smith, David Katzenberg နှင့် Barbara Muschietti တို့က ထုတ်လုပ်ထားပြီး Richard Brener, Dave Neustadter, Walter Hamada, Marty P. Ewing, Doug Davison နှင့် Jon Silk တို့က အမှုဆောင် ထုတ်လုပ်သူများဖြစ်ပါတယ်။

ဒီဇာတ်ကားကို စက်တင်ဘာလ ၈ ရက်မှာ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။



       RII

    #celebrity.thithtoolwin.com

     Source: Comingsoon