Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / ပွဲဦးထွက် ရုပ်ရှင်ဇာတ်ကားကြီးမှာ Jo In Sung နှင့်အတူ သရုပ်ဆောင်မည့် Nam Joo Hyuk

ပွဲဦးထွက် ရုပ်ရှင်ဇာတ်ကားကြီးမှာ Jo In Sung နှင့်အတူ သရုပ်ဆောင်မည့် Nam Joo Hyuk

| No comment


Nam Joo Hyuk က ရုပ်ရှင်ဇာတ်ကားကြီးမှာ ပထမဆုံးအကြိမ် သရုပ်ဆောင်ရတော့မှာဖြစ်ပါတယ်။
Nam Joo Hyuk က Jo In Sung နှင့် AOA အဖွဲ့ဝင် Seolhyun တို့ ပါဝင်မည့် “Ansi Fortress” (ယာယီအမည်) ရုပ်ရှင်မှာ အတူပါဝင်မယ်ဆိုတဲ့ သတင်းကို YG Entertainment က ဇူလိုင်လ ၄ ရက်မှာ အတည်ပြုခဲ့ပါတယ်။

“Ansi Fortress” ဇာတ်ကားက အင်အား ၅၀၀,၀၀၀ ရှိတဲ့ Tang Dynasty စစ်တပ်က Ansi ခံတပ်ကို ဝင်ရောက်စီးနင်းတာကို Yang Manchun (Goguryeo စစ်တပ်နှင့်အတူ) က ခုခံတိုက်ခိုက်ခဲ့တဲ့ ၈၈ ရက်ကြာ တိုက်ပွဲအကြောင်းကို ရိုက်ကူးထားတဲ့ ရာဇဝင်ဇာတ်လမ်းဖြစ်ပါတယ်။

Jo In Sung က စစ်သူကြီး Yang Manchun အဖြစ်၊ Seolhyun က သူ့ရဲ့ ညီမအဖြစ်နှင့် Nam Joo Hyuk ရဲ့ ဇာတ်ကောင်ကတော့ စစ်သူကြီး Yang Manchun ကို ကူညီရမှာဖြစ်ပါတယ်။

      Jackie

    #celebrity.thithtoolwin.com

     Source: Soompi