Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / ၂၀၁၇ ခုနှစ် Korean Film Shining Star Awards ဆုပေးပွဲမှာ ဆုရရှိခဲ့ကြတဲ့ သရုပ်ဆောင်များ

၂၀၁၇ ခုနှစ် Korean Film Shining Star Awards ဆုပေးပွဲမှာ ဆုရရှိခဲ့ကြတဲ့ သရုပ်ဆောင်များ

| No comment


 ဇူလိုင်လ ၄ ရက်က ကျင်းပခဲ့တဲ့ ၂၀၁၇ ခုနှစ် Korean Film Shining Star Awards ဆုပေးပွဲမှာ အနုပညာလောကထဲမှ အတော်ဆုံးထဲက အတော်ဆုံး အနုပညာရှင်တွေကို ဂုဏ်ပြုဆုချီးမြှင့်ခဲ့ပါတယ်။
Conrad Seoul Hotel မှာ ကျင်းပခဲ့တဲ့ ဆုပေးပွဲကို Kim Yoon Jin, Jang Hyuk, Shin Seong Il, Yoo In Young, EXO အဖွဲ့ဝင် D.O (Do Kyung Soo), Yoo Jae Myung အပါအဝင် အနုပညာရှင်များစွာ တက်ရောက်ခဲ့ပါတယ်။

Newcomer Award ဆုကိုတော့ EXO အဖွဲ့ဝင် D.O နှင့် Girls’ Generation အဖွဲ့ဝင် YoonA တို့က ရရှိခဲ့ပါတယ်။ D.O က ဆုလက်ခံစဉ်မှာ “သရုပ်ဆောင်တစ်ယောက်အနေနဲ့ ကောင်းမွန်တဲ့ သရုပ်ဆောင်မှုတွေကို ပြသနိုင်ဖို့အတွက် ဆက်လက်ပြီးတော့ ကြိုးစားသွားပါမယ်” လို့  ပြောကြားသွားပါတယ်။
YoonA က ဆုပေးပွဲကို မတက်ရောက်နိုင်ခဲ့ပေမယ့် “Confidential Assignment” ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Kim Sung Hoon က ဆုကို ကိုယ်စားလက်ခံခဲ့ပါတယ်။

Popularity Award ဆုကို ရရှိသွားတဲ့ Yoo In Young ကလည်း “ကျွန်မ ‘Misbehaviour’ ကို ရိုက်နေတုန်းက ပျော်ရွှင်ခဲ့ပြီး ကောင်းမွန်တဲ့ အချိန်လေးတွေဖြစ်ခဲ့ပါတယ်။ ကျွန်မရဲ့ အဲ့ဒီလိုပုံစံကို မြင်ရတာ သဘောကျလို့ ဒီဆုကိုပေးတယ်လို့ ထင်ပါတယ်။ အနာဂတ်မှာလည်း ဆက်ကြိုးစားသွားပါ့မယ်” လို့ ပြောကြားသွားပါတယ်။ အတူဆုရရှိခဲ့တဲ့ Ahn Jae Hong နှင့် 2PM အဖွဲ့ဝင် Taecyeon တို့ကတော့ ဆုပေးပွဲကို မတက်ရောက်နိုင်ခဲ့ပါဘူး။

Drama Star Award ဆုကိုတော့ OCN က ထုတ်လွှင့်တဲ့ “Voice” ဇာတ်လမ်းတွဲနှင့် Jang Hyuk က ရရှိခဲ့ပါတယ်။ သူက “ကျွန်တော့်ကို အလုပ်ကြိုးစားသင့်တယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ ဒီဆုကို ပေးတယ်လို့ ယူဆပြီး ပိုကြိုးစားပါ့မယ်” လို့ ပြောကြားသွားပါတယ်။


Star Award ဆုကိုတော့ Kim Yoon Jin က ရရှိသွားခဲ့ပြီး “ကျွန်မ ရုပ်ရှင်စရိုက်ခဲ့တာ ၁၉ နှစ်ကြာပါပြီ။ ဇာတ်ကားကောင်းတွေအများကြီး ရိုက်ခွင့်ရတာက ကျွန်မကြိုးစားလို့ဆိုတာထက် ကံကောင်းလို့ဖြစ်မယ် ထင်ပါတယ်” လို့ ပြောကြားသွားပါတယ်။ သူမကို ခွန်အားတွေပေးတဲ့ သရုပ်ဆောင်တွေနှင့် အတူလက်တွဲရတာလည်း ဂုဏ်ယူကြောင်း ထပ်ပေါင်းပြောသွားပါတယ်။

ဆုရရှိသူ စာရင်းကို အောက်တွင်ဖော်ပြထားပါတယ်။

Short Film Star Award: Yoo Jae Myung (“An Unforgettable Letter”)
Newcomer Award: YoonA (“Confidential Assignment”), D.O (Do Kyung Soo) (“My Annoying Brother”)
Popularity Award: Yoo In Young (“Misbehavior”), Ahn Jae Hong (“Fabricated City”), Taecyeon (“House of the Disappeared”)
Drama Star Award: Jang Hyuk (“Voice”)
Director Award: Kim Sung Hoon (“Confidential Assignment”)
Special Popularity Award: Bae Seul Gi
Lifetime Achievement Award: Shin Seong Il
Star Award: Kim Yoon Jin (“House of the Disappeared”), Sol Kyung Gu (“The Merciless”), Kim Hae Sook (“New Trial”), Son Hyun Joo (“Ordinary Person”)

    RII

   #celebrity.thithtoolwin.com

   Source: Soompi