Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Lee Joon Gi ပါဝင်ထားတဲ့ “Criminal Minds” ဇာတ်လမ်းတွဲ၏ ပထမဆုံး နမူနာ ထွက်ရှိလာ

Lee Joon Gi ပါဝင်ထားတဲ့ “Criminal Minds” ဇာတ်လမ်းတွဲ၏ ပထမဆုံး နမူနာ ထွက်ရှိလာ

| No comment


အမေရိကန် ဇာတ်လမ်းတွဲကို ကိုရီးယားဇာတ်လမ်းတွဲအဖြစ် ပြန်လည်ရိုက်ကူးထားတဲ့ tvN ရဲ့ ဗုဒ္ဓဟူးနှင့် ကြာသပတေးနေ့မှာ ပြသမည့် “Criminal Minds” ဇာတ်လမ်းတွဲကို ဇူလိုင်လ ၂၆ ရက်မှာ စတင်ထုတ်လွှင့်မှာဖြစ်ပါတယ်။

Criminal Minds” ဇာတ်လမ်းတွဲက ကွင်းဆက်လူသတ်မှုကို အဖြေရှာဖို့အတွက် ရာဇဝတ်သားရဲ့ စိတ်သဘောထားကို နှိုက်နှိုက်ချွတ်ချွတ် လေ့လာရတဲ့ အေးဂျင့်အဖွဲ့တစ်ဖွဲ့အကြောင်းကို ရိုက်ကူးထားတဲ့ ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေး ဇာတ်လမ်းတွဲဖြစ်ပါတယ်။ ပါဝင်ထားတဲ့ အဓိက သရုပ်ဆောင်တွေကတော့  Son Hyun Joo, Lee Joon Gi, Moon Chae Won, Lee Sun Bin, Go Yoon, Yoo Sun နှင့် Kim Young Chul တို့ဖြစ်ပါတယ်။

စိတ်လှုပ်ရှားဖွယ်ကောင်းပြီး အက်ရှင်အပြည့်ပါတဲ့ ဒီဇာတ်လမ်းတွဲကနေ ပရိသတ်တွေက ဘာတွေမျှော်လင့်ထားလို့ရမလဲဆိုတာကို ပြသဖို့အတွက် တိုတောင်းပေမယ့် ထိရောက်မှုရှိတဲ့ ဇာတ်လမ်းနမူနာ ထွက်ရှိလာပါတယ်။

Son Hyun Joo က National Intelligence Service ရဲ့ နိုင်ငံတကာ မှုခင်းဌာနခွဲက အပြုအမူကို စိတ်ဖြာလေ့လာရတဲ့ NCI အဖွဲ့ခေါင်းဆောင် Kang Ki Hyung အဖြစ် သရုပ်ဆောင်ထားပါတယ်။ ရာဇဝတ်သားရဲ့ စိတ်ကို နားလည်ဖို့အတွက် သွေးအေးပြီး မညှာမတာ စိတ်ဖြာလေ့လာပြီး အမှုကို ဖြေရှင်းတတ်တဲ့အတွက် ကိုရီးယားနိုင်ငံရဲ့ အတော်ဆုံး profiler အဖြစ် သတ်မှတ်ခံထားရသူဖြစ်ပါတယ်။

Lee Joon Gi က NCI ရဲ့ ကွင်းဆင်း စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ အဖွဲ့ဝင် Kim Hyun Joon အဖြစ် သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကောင်က နေ့စဉ်ဘဝမှာ ပေါ့ပေါ့ပါးပါးနေတတ်ပေမယ့် မှုခင်းဖြစ်ပွားတဲ့ နေရာကို ရောက်တာနှင့် လုံးဝပြောင်းလဲသွားတတ်တဲ့သူဖြစ်ပါတယ်။ သူက သူတို့အဖွဲ့မှာ ဖြစ်လာမှ တုံ့ပြန်တာထက် အခြေအနေကို ဖြစ်လာအောင် ဖန်တီးယူတတ်တဲ့သူဖြစ်ပြီး အံ့ဩစရာတွေပြည့်နေတဲ့သူလည်း ဖြစ်ပါတယ်။

Moon Chae Won က ဘယ်လိုအခြေအနေမျိုးမှာမဆို ဦးဆောင်တတ်တဲ့ ဖြောင့်မတ်ပြီး ထက်မြက်တဲ့ Ha Seon Woo အဖြစ် သရုပ်ဆောင်ထားပါတယ်။ သူ့အလုပ်ကို ဝါသနာကြီးသူ တစ်ယောက်ဖြစ်တဲ့အတွက် အန္တရာယ်များတဲ့ အခြေအနေတွေမှာ တုံ့ဆိုင်းနေမဘဲ အန္တရာယ်တောထဲကို တိုးဝင်တတ်သူဖြစ်ပြီး အတွေ့အကြုံများပြီး ခက်ထန်တဲ့ အေးဂျင့်တစ်ယောက်ဖြစ်ပါတယ်။

အဓိကဇာတ်ဆောင် ၃ ယောက်ကို ပါရမီရှိတဲ့ သရုပ်ဆောင်တွေက ထောက်ပံ့ပေးထားပါသေးတယ်။ Lee Sun Bin က NCI ရဲ့ ဆက်သွယ်ရေးနှင့် ပြန်ကြားရေးအဖွဲ့ခွဲ ခေါင်းဆောင် Yoo Min Young အဖြစ်၊ Go Yoon က အပြုအမူကို စိတ်ဖြာလေ့လာရာမှာ ပါရမီရှင်ဖြစ်ပြီး အဖွဲ့ထဲမှာ အငယ်ဆုံး အေးဂျင့် Lee Han အဖြစ် သရုပ်ဆောင်ထားပါတယ်။ Yoo Sun က NCI သတင်းအချက်အလက် အေးဂျင့် Na Na Hwang အဖြစ်၊ Kim Young Chul က NCI ကို တည်ထောင်သူနှင့် အုပ်ချုပ်သူ Baek San အဖြစ် သရုပ်ဆောင်ထားပါတယ်။

tvN ရဲ့ “Criminal Minds” ဇာတ်လမ်းတွဲကို ဇူလိုင်လ ၂၆ ရက် ကိုရီးယားစံတော်ချိန် ည ၁၀း၅၀ မှာ ထုတ်လွှင့်မှာဖြစ်ပါတယ်။


 RII

 #celebrity.thithtoolwin.com

 Source: Soompi