Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Liam Payne နှင့် Zedd တို့၏ သီချင်းသစ် 'Get Low' ထွက်ရှိလာ

Liam Payne နှင့် Zedd တို့၏ သီချင်းသစ် 'Get Low' ထွက်ရှိလာ

| No comment


နွေရာသီမှာ နားထောင်ဖို့ သီချင်းသစ်ရှာတွေ့ပြီလား? Zedd ကတော့ သေချာပေါက် အဲ့ဒီလိုဖြစ်ဖို့ မျှော်လင့်ထားပါတယ်။

One Direction အဖွဲ့ဝင်ဟောင်း Liam Payne နှင့် လက်တွဲလုပ်ဆောင်ထားတဲ့ 'Get Low' ကို ပွဲမထုတ်ခင်က ဂျာမန်လူမျိုး record producer နှင့် DJ က ဒီသီချင်းကို “ကျွန်တော့် ကိုယ်ပိုင်အမြင်အရတော့ နွေရာသီ သီချင်းဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်က ဒီသီချင်းပါပဲ” လို့ ပြောပြခဲ့ပါတယ်။ Zedd က လူစိတ်ဝင်စားလာအောင် လူမှုကွန်ယက်မှာ အားထုတ်ခဲ့ပြီးနောက်မှာတော့ သီချင်းက ထွက်ရှိလာပါပြီ။ အရမ်းနားစွဲလွယ်တဲ့ သီချင်းဖြစ်ပါတယ်။

ဗီဒီယိုအတွက် ရိုက်ကူးထားတဲ့ ကင်မရာကတော့ အပူပိုင်းဒေသမှာ ပေါက်တဲ့ ပန်းရောင်သစ်ပင်တောအုပ်ကို လှည့်ပတ်ဖြတ်သန်းပြီး သူတို့နှစ်ယောက်ကို ရိုက်ကူးထားပါတယ်။ Harry Styles နှင့် Zayn Malik တို့လိုပဲ Payne ကလည်း တစ်ကိုယ်တော်လှုပ်ရှာမှုပုံစံနှင့် အဖွဲ့လိုက်လှုပ်ရှားမှုပုံစံကို ခြားနားထားပါတယ်။ “Don’t care if you’re too loud, sexy, I want you now/ Bet I could take you there, whisper it in your ear/ What do you wanna feel? Let’s just enjoy the thrill/ I’ll take a breath of will, and give you the touch you’re missing,” ဆိုတဲ့ စာသားတွေကို သီဆိုထားပါတယ်။

သူတို့နှစ်ယောက်က 'Get Low' မထွက်လာခင် ရောင်စုံရိုက်ကူးထားတဲ့ ဓာတ်ပုံတွေနှင့်အတူ တနင်္လာနေ့မှာ ကြေညာခဲ့တာဖြစ်ပါတယ်။ ဒီသီချင်းက Zedd နှင့် Alessia Cara ရဲ့ “Stay” နှင့် 1D က ထွက်လာပြီး ပထမဆုံးထွက်ခဲ့တဲ့ Payne ရဲ့“Strip That Down” ထွက်ပြီးနောက်ပိုင်းမှာ ထွက်လာတာဖြစ်ပါတယ်။

“Liam သာမရှိရင် ကျွန်တော် ဒီသီချင်းကို အပြီသတ်နိုင်မှာမဟုတ်ဘူး။ သူက သီချင်းကို ကျွန်တော် မသွားလောက်တဲ့ ဦးတည်ချက်ဘက်ကို ဆွဲခေါ်လာတော့ ရောက်လာတဲ့နေရာကို ကျွန်တော် သဘောကျပါတယ်။ ကျွန်တော်လုပ်ဖူးတဲ့ ပုံစံတွေထဲမှာ urban လွှမ်းမိုးမှုအပါဆုံး သီချင်းဖြစ်မယ်ထင်တယ်။ အရမ်းနားစွဲလွယ်တော့ နည်းနည်းကြာသွားရင် မုန်းလာမယ်ထင်တယ်”  Zedd က Beats 1 ကို ပြောပြခဲ့ပါတယ်။


      RII

   #celebrity.thithtoolwin.com

   Source: EW