Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Marvel ဇာတ်ကားခြောက်ကားအတွက် ထုတ်လုပ်ရက်ကို Fox သတ်မှတ်

Marvel ဇာတ်ကားခြောက်ကားအတွက် ထုတ်လုပ်ရက်ကို Fox သတ်မှတ်

| No comment


Twentieth Century Fox ဟာ လာမယ့် ၂၀၁၉ ကနေ ၂၀၂၁ခုနှစ်အတွင်း ထုတ်လုပ်မယ့် နာမည်မတပ်ထားသေးတဲ့ Marvel ဇာတ်ကားခြောက်ကားအတွက် ထုတ်လုပ်ရက်တွေကို သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။

Marvel နဲ့ Fox တို့ ပူးတွဲထုတ်လုပ်မယ့် ဇာတ်ကားတွေအနေနဲ့ New Mutants (April 21), Deadpool 2 (June 1) နဲ့ X-Men: Dark Phoenix (November 2) ဆိုပြီး သတ်မှတ်ထားပါတယ်။ ဒါကြောင့် Fox နဲ့ Marvel တို့ဟာ လာမယ့် ၄နှစ်အတွက် ဇာတ်ကား ၉ကားအထိ ပူးပေါင်းထုတ်လုပ်ဖို့ စီစဉ်ထားတာကို သိနိုင်ပါတယ်။

Fox သတ်မှတ်လိုက်တဲ့ ဇာတ်ကားထွက်မယ့်ရက်ဒိတ်တွေကတော့
June 7, 2019
November 22, 2019
March 13, 2020
June 26, 2020
October 2, 2020
March 5, 2021
ဆိုပြီးပဲ ဖြစ်ပါတယ်။

Fox ဟာ X-Men နဲ့ Fantastic Four ရဲ့ ကာရိုက်တာတွေကို ပိုင်ဆိုင်ခွင့်ရှိပါတယ်။ Wolverine Franchise က အဆုံးသတ်သွားပြီ ဖြစ်တာကြောင့် Laura ကို Reboot ပြန်လုပ်ဖို့ ရှိပြီး ထုတ်လုပ်မယ့်ဇာတ်ကား ခြောက်ကားထဲမှာ ပါဝင်လာဖို့ ရှိနေပါတယ်။ Fantastic Four ကိုလည်း Reboot လုပ်ဖို့ ရှိနေတယ်လို့ သိရပါတယ်။

Fox အနေနဲ့ Deadpool 3 ကိုလည်း ထုတ်လုပ်ဖို့ ရှိပြီးတော့ X-Men ရဲ့ Spinn-off ဖြစ်တဲ့ X-Force အတွက်လည်း အလုပ်လုပ်နေပါပြီ။

 Brucee

#celebrity.thithtoolwin.com

 Ref: TechnoBuffalo