Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Marvel’s Black Panther ဇာတ်ကားထဲမှ ဓာတ်ပုံသစ်များထွက်ရှိလာ

Marvel’s Black Panther ဇာတ်ကားထဲမှ ဓာတ်ပုံသစ်များထွက်ရှိလာ

| No comment


 Entertainment Weekly မဂ္ဂဇင်းက နှစ်စဉ်ထုတ်နေကြဖြစ်တဲ့ San Diego Comic-Con issue မျက်နှာဖုံးကို ဖော်ပြလိုက်ပြီး မျက်နှာဖုံးပေါ်မှာ ပွဲဦးထွက်လာတာကတော့ အားလုံးမျှော်စောင့်စားနေတဲ့ Marvel ဇာတ်ကားတွေထဲက တစ်ကားဖြစ်တဲ့ Black Panther ပါပဲ။ ဒါ့အပြင် Black Panther ဇာတ်ကားထဲမှ ဓာတ်ပုံသစ်မျာလည်းထွက်ရှိလာပါတယ်။


Marvel Studios ရဲ့ Black Panther ဇာတ်ကားမှာ နည်းပညာထွန်းကားပြီး သီခြားနိုင်ငံဖြစ်တဲ့ အာဖရီကန်နိုင်ငံ Wakanda ကို ဖခင်သေဆုံးပြီးနောက်မှာ ဘုရင်အဖြစ် နန်းတက်ဖို့ ပြန်လာတဲ့ T’Challa အကြောင်းကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒါပေမယ့် ရန်သူဟောင်းတစ်ယောက် ပြန်ပေါ်လာပြီး Wakanda နိုင်ငံနှင့် ကမ္ဘာကြီးရဲ့ ကံကြမ္မာတစ်ခုလုံး အန္တရာယ်ကျရောက်လာနိုင်တဲ့ ပဋိပက္ခတွေ ဖြစ်ပွားလာတဲ့အခါမှတော့T’Challa ရဲ့ဘုရင်အဖြစ်နဲ့ Black Panther အဖြစ် အနိုင်မခံအရှုံမပေးတတ်တဲ့ စိတ်ဓာတ်ကို စမ်းသပ်ခြင်းခံခဲ့ရပါတယ်။


Black Panther ဇာတ်ကားမှာ ပါဝင်မည့်သရုပ်ဆောင်တွေကတော့ Captain America: Civil War ထဲက ဇာတ်ကောင်ကို ပြန်သရုပ်ဖော်မည့် Chadwick Boseman နှင့်အတူ Michael B. Jordan, Lupita Nyong’o, Danai Gurira, Martin Freeman, Daniel Kaluuya, Letitia Wright, Winston Duke, Angela Bassett, Forest Whitaker နှင့် Avengers: Age of Ultron ဇာတ်ကားထဲမှ ပြန်လည်ပါဝင်လာတဲ့ Andy Serkis တို့ဖြစ်ပါတယ်။


ဒီဇာတ်ကားကို Ryan Coogler က ရိုက်ကူးထားပြီး Kevin Feige နှင့် Louis D’Esposito, Victoria Alonso, Nate Moore, Jeffrey Chernov တို့က ထုတ်လုပ်ထားပြီး Stan Lee က အမှုဆောင်ထုတ်လုပ်သူအဖြစ် ဆောင်ရွက်ထားပါတယ်။ Stan Lee နှင့် Jack Kirby တို့ရဲ့ Fantastic Four ခေတ်စားနေချိန် ၁၉၆၆ ခုနှစ်က ပွဲဦးထွက်ခဲ့တဲ့ Marvel Comics ဇာတ်ကောင်ကို အခြေခံပြီး Ryan Coogler နှင့် Joe Robert Cole တို့က ဇာတ်ညွှန်းရေးသားထားပါတယ်။

Black Panther ဇာတ်ကားကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်တွင် ရုံတင်ပြသမှာဖြစ်ပါတယ်။


RII

#celebrity.thithtoolwin.com

Source: Comingsoon