Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / အက်ရှင်အပြည့်ပါတဲ့ Marvel’s The Defenders ဇာတ်လမ်းတွဲ နမူနာသစ် ထွက်ရှိလာ

အက်ရှင်အပြည့်ပါတဲ့ Marvel’s The Defenders ဇာတ်လမ်းတွဲ နမူနာသစ် ထွက်ရှိလာ

| No comment





Netflix နှင့် Marvel Television က San Diego Comic-Con မှာ မျှော်လင့်ချက်မြင့်မားနေတဲ့ Marvel’s The Defenders အဖွဲ့သားတွေဖြစ်တဲ့ Charlie Cox (Matt Murdock/Daredevil), Krysten Ritter (Jessica Jones), Mike Colter (Luke Cage), Finn Jones (Danny Rand/Iron Fist), Sigourney Weaver (Alexandra), Elodie Yung (Elektra), Deborah Ann Woll (Karen Page), Jessica Henwick (Colleen Wing), Executive Producer နှင့် showrunner Marco Ramirez တို့က ပရိသတ်တွေနှင့် တွေ့ဆုံခဲ့ပါတယ်။

Marvel’s Head of Television ဖြစ်သူ Jeph Loeb က ဦးစီးခဲ့ကာ အံ့အားသင့်စရာတွေ၊ အပိုင်းတိုလေးတွေ ပြသခဲ့ပြီး ဒီနှစ်နှောင်းပိုင်းမှာ ထွက်ရှိလာမည့် Marvel’s The Punisher ခေါင်းဆောင်မင်းသား Jon Bernthal လည်း ရောက်ရှိလာခဲ့ပါတယ်။ ဇာတ်လမ်းတွဲထဲက အပိုင်းတိုလေးကိုလည်း ပြသခဲ့ပြီး Marvel’s Iron Fist season 2 ကို လည်းကြေညာခဲ့ပါတယ်။

စိတ်ဝင်ဖွယ်အကောင်းဆုံးကတော့ Marvel’s The Defenders ဇာတ်လမ်းတွဲရဲ့ ပထမဆုံးအပိုင်းကို ၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်မှာ Netflix တွင် ပွဲဦးထွက်မပြသခင်မှာ ပရိသတ်အယောက် ၆၀၀၀ ကို တစ်လလောက်နီးပါး ကြိုတင်ပြသခဲ့တာဖြစ်ပါတယ်။ နိဂုံးချုပ်အနေနှင့် အက်ရှင်အပြည့်ပါတဲ့ ဒုတိယမြောက် နမူနာကိုလည်း ပြသခဲ့ပါတယ်။

Marvel’s The Defenders ဇာတ်လမ်းတွဲမှာ Matt Murdock/Daredevil (Charlie Cox), Jessica Jones (Krysten Ritter), Luke Cage (Mike Colter) and Danny Rand/Iron Fist (Finn Jones) တို့ လူစွမ်းကောင်း ၄ ယောက်က နယူးယော့မြို့ကို ကယ်တင်မယ်ဆိုတဲ့ တူညီတဲ့ပန်တိုင်းအကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲမှာ အကယ်ဒမီဆန်ကာတင်စာရင်းဝင် မင်းသမီး Sigourney Weaver က ရန်သူတော် Alexandra အဖြစ်ပါဝင်လာပြီး Elodie Yung က Elektra အဖြစ်၊ Scott Glenn က Stick အဖြစ်၊ Deborah Ann Woll က Karen Page အဖြစ်၊ Elden Henson က Foggy Nelson အဖြစ်၊ Carrie-Anne Moss က Jeri Hogarth အဖြစ်၊ Rachael Taylor က Trish Walker အဖြစ်၊ Eka Darville က Malcolm Ducasse အဖြစ်၊ Simone Missick က Misty Knight အဖြစ်နှင့် Jessica Henwick က Colleen Wing အဖြစ်ပြန်လည်ပါဝင်ထားပါတယ်။

Marvel’s The Defenders ဇာတ်လမ်းတွဲကို Marco Ramirez က Doug Petrie နှင့် Marvel TV’s Jeph Loeb တို့နှင့်အတူ အမှုဆောင်ထုတ်လုပ်သူ အဖြစ်ဆောင်ရွက်ထားပါတယ်။ ဒီဇာတ်လမ်းတွဲကို Marvel Television in association with ABC Studios for Netflix က ထုတ်လုပ်ထားပါတယ်။

     RII

    #celebrity.thithtoolwin.com

     Source: Comingsoon