Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Marvel's Inhumans ဇာတ်လမ်းတွဲမှ တော်ဝင်မိသားစု၏ ဇာတ်ကောင်ပိုစတာများ ထွက်ရှိလာ

Marvel's Inhumans ဇာတ်လမ်းတွဲမှ တော်ဝင်မိသားစု၏ ဇာတ်ကောင်ပိုစတာများ ထွက်ရှိလာ

| No comment







ပြီးခဲ့တဲ့တစ်ပတ်က Comic-Con ပိုစတာ ထွက်ရှိခဲ့ပြီးနောက်မှာ Marvel Entertainment နှင့် ABC က Marvel's Inhumans ဇာတ်လမ်းတွဲမှ Black Bolt, Medusa နှင့် Maximus တို့ရဲ့ ဇာတ်ကောင်ပိုစတာ ၃ ခုကို ထုတ်ပေးလိုက်ပါတယ်။

နာမည်ကျော် ရုပ်ပြစာအုပ်ဇာတ်လမ်းတွဲကို အရင်ကတစ်ခါမှ မလုပ်ဖူးတဲ့ပုံစံနှင့် အသက်သွင်းထားတာဖြစ်တဲ့အတွက် ဇာတ်လမ်းတွဲရဲ့ ပထမဆုံး အပိုင် (၂) ပိုင်းကို ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁ ရက်ကစတင်ပြီး နိုင်ငံတကာက IMAX ရုပ်ရှင်ရုံတွေမှာ ရက်သတ္တပတ် ၂ ပတ်ကြာ ပြသမှာဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ ABC ရုပ်သံက ဇာတ်လမ်းတွဲတစ်ခုလုံးကို ABC မှာပဲ ကြည့်ရှုလို့ရနိုင်တဲ့ ဖြည့်စွက်ချက်တွေနှင့်အတူ ဆောင်းဦးရာသီတစ်လျှောက် ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ တီဗီမှာ ပွဲဦးထွက်ပြသမည့် ရက်စွဲကတော့ စက်တင်ဘာလ ၂၉ ရက်၊ သောကြာနေ့ည ၉ နာရီဖြစ်ပါတယ်။

Marvel's Inhumans ဇာတ်လမ်းတွဲဟာ အလွန်တရာအစွမ်းထက်လှတဲ့အသံကြောင့် အသာလေး တီးတိုးပြောဆိုရုံမျှနှင့်တင် မြို့တစ်ခုလုံးကို ဖျက်ဆီးနိုင်စွမ်းရှိတဲ့ ပဟေဠိဆန်တဲ့ Inhumans ဘုရင် Black Bolt အပါအဝင် တော်ဝင်မိသားစုရဲ့ တစ်ခါမှပြောမပြဖူးခဲ့တဲ့ စွန့်စားခန်းကြီးအကြောင်းကို အကျယ်တဝန်းပြသထားပါတယ်။ Inhumans တော်ဝင်မိသားစုက စစ်တပ်ရဲ့အာဏာသိမ်းမှုကြောင့် တကွဲတပြားစီဖြစ်သွားပြီးတဲ့နောက်မှာ စိမ်းလန်းစိုပြေတဲ့ ကမ္ဘာကြီးနှင့် လူသားမျိုးနွယ်တွေနှင့် အံ့အားသင့်ဖွယ် ထိတွေ့ဆက်ဆံရမည့် Hawaii ကို လွတ်မြောက်လာခဲ့ပါတယ်။ အခုတော့ သူတို့ရဲ့ ဘဝနေထိုင်မှုပုံစံ ထာဝရမပျက်ဆီးသွားခင်မှာ သူတို့အချင်းချင်း ပြန်လည်ဆုံစည်းပြီး အိမ်ပြန်နိုင်ဖို့ နည်းလမ်းရှာဖွေမှဖြစ်ပါတော့မယ်။

Marvel's Inhumans ဇာတ်လမ်းတွဲမှာ Anson Mount က Black Bolt အဖြစ်, Iowan Rheon က Maximus အဖြစ်, Serinda Swan က Medusa အဖြစ်, Eme Ikwuakor က Gorgon အဖြစ်, Isabella Cornish က Crystal အဖြစ်, Ken Leung က Karnak အဖြစ်, Ellen Woglom က မကြေညာရသေးတဲ့ ဇာတ်ကောင်အဖြစ်, Sonya Balmores က Auran အဖြစ်နှင့် Mike Moh က Triton အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဒီဇာတ်လမ်းတွဲကို Scott Buck က Marvel မှ Jeph Loeb နှင့် Jim Chory တို့နှင့်အတူ ထုတ်လုပ်ထားပြီး Buck က showrunner အဖြစ် ဆောင်ရွက်ထားပါတယ်။ ပထမဆုံး အပိုင် (၂) ပိုင်းကို ဒါရိုက်တာ Roel Reiné က ရိုက်ကူးထားပါတယ်။ ဒီဇာတ်လမ်းတွဲက Marvel နှင့် IMAX ရဲ့ ပရောဂျက်ဖြစ်ပြီး Marvel Television နှင့် ABC Studios က တွဲဖက်ထုတ်လုပ်ထားပါတယ်။

    RII

   #celebrity.thithtoolwin.com

    Source: Comingsoon