Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Oprah Winfrey, Reese Witherspoon နှင့် Chris Pine တို့ပါဝင်ထားတဲ့ A Wrinkle in Time ဇာတ်လမ်းနမူနာနှင့် ပိုစတာ ထွက်ရှိလာ

Oprah Winfrey, Reese Witherspoon နှင့် Chris Pine တို့ပါဝင်ထားတဲ့ A Wrinkle in Time ဇာတ်လမ်းနမူနာနှင့် ပိုစတာ ထွက်ရှိလာ

| No comment




The Walt Disney Studios က လူငယ်ဝတ္ထုကို ရိုက်ကူးထားတဲ့ A Wrinkle in Time ဇာတ်ကားရဲ့ ပထမဆုံး နမူနာနှင့် ပိုစတာ ကို ဖော်ပြလိုက်ပါပြီ။

A Wrinkle in Time ဇာတ်ကားမှာ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကတော့ Oprah Winfrey (Selma, The Butler) က Mrs. Which အဖြစ်၊ Reese Witherspoon (Wild, Walk the Line) က Mrs. Whatsit အဖြစ်၊ Mindy Kaling (The Mindy Project, Inside Out) က Mrs. Who အဖြစ်၊ Chris Pine (Star Trek Beyond, Hell or High Water, Into the Woods”) က Mr. Murry အဖြစ်၊ Gugu Mbatha-Raw (Beauty and The Beast, Belle) က Mrs. Murry အဖြစ်၊ Zach Galifianakis (Birdman, The Hangover) က The Happy Medium အဖြစ်၊ Michael Peña (Ant-Man, The Martian) က Red အဖြစ်၊ André Holland (Moonlight, Selma) က Principal Jenkins အဖြစ်၊ Levi Miller (Pan) က Calvin အဖြစ်၊ Deric McCabe က Charles Wallace အဖြစ်နှင့် introducing Storm Reid ကို ဂန္ထာဝင်ဇာတ်ကောင် Meg Murry အဖြစ် မိတ်ဆက်ထားပါတယ်။

အထူးချီးကျူးထိုက်တဲ့ သရုပ်ဆောင်တွေထဲမှာ Bellamy Young, Rowan Blanchard နှင့် Will McCormack တို့လည်း ပါဝင်ထားပါတယ်။
ဒီဇာတ်ကားမှာ Meg Murry၊ သူမရဲ့ ဉာဏ်ကောင်းတဲ့ အစ်ကို Charles Wallace နှင့် သူငယ်ချင်း Calvin တို့က သူတို့ရဲ့ အဖေကို အိမ်ပြန်ခေါ်လာနိုင်ဖို့အတွက် alternate dimensions ဆီကို မမျှော်လင့်ထားတဲ့ ခရီးတစ်ခုထွက်ဖြစ်ခဲ့တဲ့ Madeleine L’Engle ရဲ့ ဂန္ထာဝင်မြောက် ဝတ္ထုကို စိတ်ကူးကွန့်မြူပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ်မှာ ပထမဆုံး ထုတ်ဝေခဲ့တဲ့ L’Engle ရဲ့ ဝတ္ထုက ကမ္ဘာတစ်လွှားမှာ အုပ်ရေပေါင်း ၂၃ သန်း ရောင်းချခဲ့ရပြီး Chelsea Clinton က Democratic National Convention မှာ အဲ့ဒီစာအုပ်အကြောင်း ထည့်ပြောခဲ့တဲ့အတွက် လတ်တလောမှာ တဟုန်ထိုးရောင်းအားတက်လာခဲ့ပါတယ်။ ၁၉၆၃ ခုနှစ်က Newbery Prize ဆုရရှိခဲ့တဲ့ “A Wrinkle in Time” ဝထ္တုကို ဘာသာစကား ၃၅ မျိုး ပြန်ဆိုထားပါတယ်။
Disney’s A Wrinkle in Time ဇာတ်ကားကို Ava DuVernay (Selma) က ရိုက်ကူးထားပြီး Jim Whitaker နှင့် Catherine Hand တို့က ထုတ်လုပ်ထားပါတယ်။ Jennifer Lee (Frozen) က ဇာတ်ညွှန်းရေးသားထားပါတယ်။ A Wrinkle in Time ဇာတ်ကားကို ၂၀၁၈ ခုနှစ်၊ မတ်လ ၉ ရက်မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။


     RII

    #celebrity.thithtoolwin.com

    Source: Cominsoon