Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Orange County က ကလေးဆေးရုံကို သွားရောက်ခဲ့တဲ့ Justin Bieber

Orange County က ကလေးဆေးရုံကို သွားရောက်ခဲ့တဲ့ Justin Bieber

| No comment

Justin Bieber က ဂီတလောကထဲက နာမည်အကြီးဆုံးတွေထဲက တစ်ယောက်ဖြစ်ပြီး သူရဲ့ ပထမဆုံး stadium tour ကို မြောက်အမေရိကမှာ စတင်တော့မှာဖြစ်ပေမယ့် ပရိသတ်တွေနှင့် အရေးပါဆုံးသူတွေအတွက်တော့ အချိန်ပေးနိုင်ပါသေးတယ်။ Bieber က တနင်္လာနေ့ (ဇူလိုင်လ ၁၇ ရက်) မှာ ကလေးတွေ အံ့အားသင့်ဝမ်းသာသွားစေဖို့ Orange County က ကလေးဆေးရုံကို သွားရောက်ခဲ့ပြီး ပရိသတ်တွေနှင့် တွေ့ဆုံခြင်း၊ ဓာတ်ပုံတွဲရိုက်ခြင်းနှင့် လူနာတွေနှင့်အတူ ဆုတောင်းခြင်းတွေ ပြုလုပ်ခဲ့ပါတယ်။

ပရိသတ်အချို့နှင့် မိဘတွေက “Despacito” သီချင်း အဆိုတော်ရဲ့ ဓာတ်ပုံတွေကို လူမှုကွန်ယက်မှာ မျှဝေခဲ့ပါတယ်။ Brandie Runner လို့ အမည်ရတဲ့ အမေတစ်ယောက်က အဆိုတော်က သူ့သမီး Victoria ကို လာတွေ့တဲ့အတွက် “ဒီတော့… ကျွန်မတို့ရဲ့ သူနာပြုက ဝင်လာပြီး ဧည့်သည်ဖိတ်ထားသေးလားလို့ Victoria ကို လာမေးတယ်။ ကျွန်မတို့က မဖိတ်ထားဘူးလို့ ပြောလိုက်တယ်။ … ဧည့်သည်က ဘယ်သူဖြစ်မလဲဆိုတာ ခန့်မှန်မိတဲ့သူရှိလား?!! #justinbeiber” လို့ အံ့ဩဝမ်းသာစွာ Instagram မှာ မျှဝေထားပါတယ်။

Runner က နောက်ထပ် ဓာတ်ပုံတစ်ပုံကို “သမီနဲ့ ကျွန်မအတွက် ဘယ်လိုတောင် ကံကောင်းလိုက်တဲ့ နေ့များပါလိမ့်။ သူက ဒီလောက်သဘောထားကြီးမှန် မသိမိခဲ့ဘူး” လို့ ရေးသားထားပါတယ်။ Bieber က တခြားပရိသတ်တွေအများကြီးနှင့်လည်း အပြုံးတွေ၊ ထွေးပွေးမှုတွေ ဖြန့်ဝေခဲ့ပြီး dab တောင် လုပ်ခဲ့ပါသေးတယ်။

      RII

    #celebrity.thithtoolwin.com

     Source: Billboard