Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / အနုပညာအလုပ်တွေ စမလုပ်ခင်ကတည်းက စစ်မှုထမ်းပြီးသားဆိုတဲ့ Park Seo Joon

အနုပညာအလုပ်တွေ စမလုပ်ခင်ကတည်းက စစ်မှုထမ်းပြီးသားဆိုတဲ့ Park Seo Joon

| No comment

Park Seo Joon ကို စစ်မှုထမ်းဖို့ လွှတ်လိုက်ရမှာ စိတ်ပူနေတယ်ဆိုရင်တော့ စိုးရိမ်ဖို့မလိုတော့ပါဘူး။
၁၉၈၈ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ အနုပညာရှင်တွေက လတ်တလောမှာ စစ်မှုထမ်းဖို့ ပြင်ဆင်နေကြပေမယ့် မင်းသားကတော့ ပုံမှန်စစ်မှုထမ်းပြီးရုံသာမက အရန်တပ်ဖွဲ့မှာပါ စစ်မှုထမ်းပြီးသွားပြီဖြစ်ကြောင်း သိရပါတယ်။

Park Seo Joon က အနုပညာအလုပ်တွေ စမလုပ်ခင် အသက် ၂၁ နှစ်မှာ (ကိုရီယား အသက်) စောစောစီစီး စစ်မှုထမ်းခဲ့ကြောင်း ပြောပြခဲ့ပါတယ်။ “အဲ့ဒီတုန်းက ကျွန်တော် အဆင်မပြေဖြစ်နေပြီး ဘာမှလည်းမရှိတော့ စစ်တပ်ထဲဝင်ခဲ့တာပါ။

 စောစောစီစီးသွားခဲ့တာက အခုတော့ အထောက်အကူဖြစ်သွားပြီလေ။ ဇာတ်လမ်းတွဲတွေ ဆက်တိုက်ရိုက်နေရပြီး ၂ နှစ်လောက် ကြားဖြတ်နေစရာမလိုတော့ ဝန်ထမ်းတွေလည်း ဝမ်းသာနေကြတယ်” လို့ ၂၀၁၅ ခုနှစ်က လုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ပြောပြခဲ့ပါတယ်။


        RII

      #celebrity.thithtoolwin.com

       Source: Soompi