Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / စိတ်ဝင်စားဖွယ် Ready Player One ဇာတ်ကားနမူနာ ထွက်ရှိလာ

စိတ်ဝင်စားဖွယ် Ready Player One ဇာတ်ကားနမူနာ ထွက်ရှိလာ

| No comment


Warner Bros. Hall H panel က Steven Spielberg ရဲ့ Ready Player One ဇာတ်ကားရဲ့ ပထမဆုံးနမူနာကို San Diego Comic-Con မှာပြသခဲ့ပါတယ်။

သိပ်မဝေးတော့တဲ့ အနာဂတ်မှာ ဇာတ်လမ်းတည်ထားတဲ့ Ready Player One ဇာတ်ကားထဲမှာ အပယ်ခံ ဆယ်ကျော်သက်ကောင်လေး Wade Watts (Sheridan) က စိတ်ဓာတ်ကျဖွယ်ကောင်းတဲ့ ပတ်ဝန်ကျင်ကနေ လွတ်မြောက်ဖို့အတွက် အသုံးပြုသူတွေက မတူညီတဲ့ စိတ်ချမ်းမြေ့ဖွယ်ဘဝကို ဦးဆောင်နိုင်ဖို့ ကမ္ဘာအနှံ့ ချိတ်ဆက်ထားတဲ့ စိတ်ကူးယဉ်လောက OASIS ကို login လုပ်ပြီး ဝင်ရောက်ခဲ့တဲ့အကြောင်း ရိုက်ကူးထားတာဖြစ်ပါတယ်။ OASIS ကို ဖန်တီးခဲ့တဲ့ လူထူးဆန်း သန်းကြွယ်သူဌေးကြီး သေဆုံးသွားတဲ့အခါမှာတော့ များပြားလှတဲ့ သူ့ရဲ့ အမွေတွေကို အသေးစိတ် စီစဉ်ထားတဲ့ ရတနာသိုက် ရှာဖွေရေး ဆုလာဘ်အဖြစ် ကမ်းလှမ်းခဲ့ပါတယ်။

ကမ္ဘာအနှံ့က ယှဉ်ပြိုင်သူတွေနှင့်အတူ Wade ကလည်း စွန့်စားခန်းမှာ ပါဝင်ခဲ့ပြီး ဩဇာကြီးတဲ့ လုပ်ငန်းစုက ရန်သူတွေ၊ ရတနာသိုက်ကို အရင်ဆုံးရရှိဖို့အတွက် အိုအေစစ်ထဲမှာပဲဖြစ်ဖြစ် တကယ့်အပြင်လောကမှာပဲဖြစ်ဖြစ် ဘာမဆိုလုပ်မည့် ရက်စက်တဲ့ ပြိုင်ပွဲဝင်သူတွေနှင့် ထိပ်တိုက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ Tye Sheridan, Olivia Cook, Mark Rylance, Simon Pegg နှင့် Ben Mendelsohn တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။

A Warner Bros. Pictures, Village Roadshow Pictures and DreamWorks Pictures production တို့ရဲ့ Ready Player One ဇာတ်ကားကို Spielberg က ရိုက်ကူးထားပြီး De Line Pictures အဖွဲ့အစည်အောက်မှာ Donald De Line, Dan Farah နှင့် Kristie Macosko Krieger တို့နှင့်အတူ ထုတ်လုပ်ထားပါတယ်။ Bruce Berman က အမှုဆောင်ထုတ်လုပ်သူအဖြစ် ဆောင်ရွက်ထားပါတယ်။ Ernest Cline ရဲ့ ဝတ္ထုကို အခြေခံပြီး Cline, Zak Penn နှင့် Eric Eason တို့က ဇာတ်ညွှန်းရေးသားထားပါတယ်။ Alan Silvestri (Back to the Future trilogy) က သီချင်းရေးဖွဲ့ပေးထားပါတယ်။

Ready Player One ဇာတ်ကားကို ၂၀၁၈ ခုနှစ်၊ မတ်လ ၃၀ ရက်မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။


       RII

      #celebrity.thithtoolwin.com

      Source: Comingsoon