Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / လက်ထပ်တော့မည့်အကြောင်း ပရိသတ်တွေဆီကို ကိုယ်တိုင်စာရေးခဲ့တဲ့ Song Joong Ki နှင့် Song Hye Kyo

လက်ထပ်တော့မည့်အကြောင်း ပရိသတ်တွေဆီကို ကိုယ်တိုင်စာရေးခဲ့တဲ့ Song Joong Ki နှင့် Song Hye Kyo

| No comment



သရုပ်ဆောင် Song Joong Ki နှင့် Song Hye Kyo တို့က လက်ထပ်တော့မည့်အကြောင်းကို သူတို့ရဲ့ သက်ဆိုင်ရာ fan cafes မှာ ကြေညာခဲ့ပါတယ်။

Song Joong Ki က “မကြာခင်က ကျွန်တော့်ကို တောက်ပစေမည့် ဇာတ်လမ်းတွဲတစ်ခု ရိုက်ခွင့်ရခဲ့ပါတယ်။ မထိုက်တန်တဲ့ အချစ်တွေအများကြီး ရရှိခဲ့တဲ့အတွက် ကျွန်တော့်အတွက် အတွေ့အကြုံကောင်းတွေ ဖြစ်ခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက နောက်ဆုံးမှာတော့ ကျွန်တော့်ချစ်သူဖြစ်လာမည့် အဖိုးတန် မိတ်ဆွေတစ်ယောက် ရခဲ့ပါတယ်။

ကျွန်တော်တို့ရဲ့ ဘဝကို အတူဖြတ်သန်းကြမယ်လို့ ၂၀၁၇ ခုနှစ်အစမှာ ကတိပြုခဲ့ကြပါတယ်။ ခက်ခဲတဲ့အချိန်တွေကို အတူဖြတ်သန်းဖို့ ဘဝအသစ်စနိုင်ဖို့ Song Hye Kyo နှင့် ကျွန်တော်က အောက်တိုဘာလရဲ့ နောက်ဆုံးနေ့မှာ လက်ထပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ရုတ်တရက်ထွက်လာတဲ့ သတင်းကြောင့် ကျွန်တော့်ကို ချစ်တဲ့ပရိသတ်တွေ အံ့အားသင့်သွားမယ် ထင်ပါတယ်။ အားလုံးကို စောစောစီးစီးက ပြောပြချင်ပေမယ့် လူနှစ်ယောက်နှင့် နှစ်ဖက်မိသားစုတွေနှင့် သက်ဆိုင်နေတဲ့ ဆုံးဖြတ်ချက်ဖြစ်တဲ့အတွက် သတိထားနေခဲ့ရတာပါ။ ကျွန်တော့်ရဲ့ ဇာတ်ကားသစ်မှာ ပါဝင်တဲ့သူတွေကိုလည်း အရှုပ်အရှင်းမဖြစ်စေချင်လို့ပါ။ နားလည်ပေးမယ်လို့ မျှော်လင့်ပါတယ်။

ကျွန်တော့်ဘဝကို သရုပ်ဆောင်ကောင်းတစ်ယောက်အနေနှင့်ရော ယုံကြည်အားကိုးရတဲ့ အိမ်ထောင်ဦးစီတစ်ယောက်အနေနှင့်ပါ နေထိုင်သွားမယ်လို့ ကတိပေးပါတယ်။ ကျွန်တော်တို့နှစ်ယောက်ကို ဆက်လက်ပြီး ထောက်ခံအားပေးကြဖို့ မျှော်လင့်ပါတယ်။ ကျေးဇူးတင်ပါတယ်” လို့ ရေးသားထားပါတယ်။

Song Hye Kyo က “ရုတ်တရက်ထွက်လာတဲ့ သတင်းကြောင့် အံ့အားသင့်သွားမယ် ထင်ပါတယ်။ ကျွန်မက ပရိသတ်တွေကို ထည့်မစဉ်းစားတဲ့ပုံစံမျိုးဖြစ်နေပေမယ့် နားလည်ပေးမယ်လို့ မျှော်လင့်ပါတယ်။
ပထမတော့ Song Joong Ki က အလုပ်တွဲလုပ်ရတာ အဆင်ပြေတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ပါ။ ဇာတ်လမ်းတွဲအတူရိုက်ရင်း ကျွန်မတို့မှာ တူညီတဲ့အချက်တွေရှိပြီး ဘယ်လိုအကြောင်းအရာမျိုးဖြစ်ဖြစ် ပြောပြလို့ရကြောင်း သိခဲ့ရပါတယ်။ သူက မိတ်ဆွေကောင်းတစ်ယောက်၊ လုပ်ဖော်ကိုင်ဖက်ကောင်းတစ်ယောက်ဖြစ်တဲ့အတွက် ဇာတ်လမ်းတွဲ ပြီးသွားတော့လည်း အဆက်အသွယ်မပြတ်ရှိခဲ့ကြပါတယ်။

အချိန်ကြာလာတော့ Song Joong Ki ပြသခဲ့တဲ့ ယုံကြည်ရမှု အားကိုးရမှုတွေကြောင့် သူနှင့်အတူ အနာဂတ်တစ်ခုကို စိတ်ကူးမိခဲ့ပါတယ်။ သူက ကျွန်မကို စိတ်ရင်းနှင့် ချစ်မြတ်နိုးတဲ့အတွက် ကျေးဇူးတင်မိပြီး သူ့အပေါ် ကျွန်မရဲ့ ကိုယ်ပိုင်ခံစားချက်ကိုလည်း အတည်ပြုနိုင်ခဲ့ပါတယ်။

စေ့စပ်လိုက်တဲ့သတင်းကို ပရိသတ်တွေကို အရင်ပြောပြချင်ခဲ့ပေမယ့် ကျွန်မတစ်ယောက်တည်း ချလို့ရတဲ့ ဆုံးဖြတ်ချက် မဟုတ်တဲ့အတွက် သတိထားနေခဲ့ရတာပါ။ ဒီသတင်းကို ရုတ်တရက် ကြေညာလိုက်ရတဲ့အတွက် စိတ်လှုပ်ရှားမိပေမယ့် ကျွန်မရဲ့ ပရိသတ်တွေက အားပေးထောက်ခံကြမယ်လို့ ယုံကြည်ပါတယ်။ အခုချိန်ထိ ကျွန်မကို ချစ်ပေးခဲ့သလိုပဲ ဆက်လက်ပြီး ချစ်ပေးကြပါ။ စောင့်နေပေးပြီး ကျွန်မကို ယုံကြည်ပေးလို့ ကျေးဇူးတင်ပါတယ်။

ကျွန်မတို့နှစ်ယောက် ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားမှာပါ။ ကျွန်မတို့ကို ကောင်းချီးပေးကြပါ။ ကျေးဇူးတင်ပါတယ်” လို့ ရေးသားထားပါတယ်။

   RII

  #celebrity.thithtoolwin.com

  Source: Soompi