Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / အောက်တိုဘာလကုန်မှာ လက်ထပ်တော့မည့် Song Joong Ki နှင့် Song Hye Kyo

အောက်တိုဘာလကုန်မှာ လက်ထပ်တော့မည့် Song Joong Ki နှင့် Song Hye Kyo

| No comment

နာမည်ကျော် ကိုရီးယားဇာတ်လမ်းတွဲထဲက အချစ်ဇာတ်လမ်းက အမှန်ဖြစ်လာပါပြီ။
ကိုရီးယားရဲ့ အိပ်မက်စုံတွဲ Song Joong Ki နှင့် Song Hye Kyo တို့က အောက်တိုဘာလမှာ လက်ထပ်တော့မှာဖြစ်ကြောင်း အတည်ပြုလိုက်ပါတယ်။

၂၀၁၆ ခုနှစ်ရဲ့ အောင်မြင်ခဲ့တဲ့ ဇာတ်လမ်းတွဲ “Descendants of the Sun” ရဲ့ အနုပညာရှင် ၂ ယောက်ရဲ့ အေဂျင်စီဖြစ်တဲ့ Blossom Entertainment နှင့် United Artists Agency (UAA) တို့ပူးပေါင်းပြီး ဇူလိုင်လ ၅ ရက် ကြေညာချက်တစ်ခု ထုတ်ပြန်လိုက်ပါတယ်။

ကြေညာချက်ထဲမှာ

“ဟယ်လို Blossom Entertainment နှင့် UAA ဖြစ်ပါတယ်။
ပထမဦးစွာ Song Joong Ki နှင့် Song Hye Kyo တို့ကို စိတ်ဝင်တစား ချစ်ခင်ပေးကြတဲ့ ကိုရီးယားနှင့် နိုင်ငံတကာက ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ ဒီအံ့အားသင့်ဖွယ်သတင်းကို အသိပေးရတာကိုလည်း နာလည်ပေးဖို့ တောင်းဆိုပါတယ်။

Song Joong Ki နှင့် Song Hye Kyo တို့က ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလရဲ့ နောက်ဆုံးနေ့မှာ မင်္ဂလာဆောင်အခမ်းအနား ကျင်ပမှာဖြစ်ပါတယ်။ လက်ထပ်တယ်ဆိုတာ ကိုယ်ရေးကိုယ်တာကိစ္စဖြစ်ရုံသာမက မိသားစု ၂ ခုကြားက တွေ့ဆုံမှုဖြစ်တဲ့အတွက် အကြောင်းအမျိုးမျိုးကြောင့် သိမ်မွေ့တဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။

လက်မထပ်ခင်မှာ သတိထားရုံကလွဲပြီး ရွေးချယ်စရာမရှိတဲ့အတွက် နောက်ဆုံးမှာ ဒီသတင်းကို အသိပေးလိုက်တာဖြစ်ပါတယ်။ အားလုံးကို နားလည်ပေးပါဖို့ တောင်းဆိုပါတယ်။

သူတို့နှစ်ယောက်ရဲ့ လှပတဲ့ အနာဂတ်အတွက် ဆုမွန်ကောင်းတောင်းပေးကြပါ။ သရုပ်ဆောင်နှစ်ယောက်လည်း သူတို့ပရိသတ်တွေကို သီးခြားစီ အသိပေးမှာဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်”

   RII

   #celebrity.thithtoolwin.com

    Source: Soompi