Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Star Wars: The Last Jedi ရိုက်ကွင်းနောက်ကွယ်မှ ဗီဒီယိုနှင့် ဇာတ်ကောင်ပိုစတာများ ထွက်ရှိလာ

Star Wars: The Last Jedi ရိုက်ကွင်းနောက်ကွယ်မှ ဗီဒီယိုနှင့် ဇာတ်ကောင်ပိုစတာများ ထွက်ရှိလာ

| No comment







D23 Expo မှာ ပြသခဲ့တဲ့ Star Wars: The Last Jedi ရိုက်ကွင်းနောက်ကွယ်မှ ဗီဒီယို အသစ်စက်စက်ကို Lucasfilm နှင့် Walt Disney Studios က မျှဝေလိုက်ပါပြီ။ တင်ဆက်မှုကြီးအပြီးမှာ John Boyega, Daisy Ridley နှင့် အခြားသူတွေရဲ့ ဇာတ်ကောင်ပိုစတာများလည်း  ထွက်ရှိလာပါတယ်။

Star Wars: The Last Jedi ကို Rian Johnson (Brick, Looper) က ဇာတ်လမ်းရေးသား ရိုက်ကူးထားပြီး Star Wars: The Force Awakens မှာ မိတ်ဆက်ခဲ့တဲ့ ဇာတ်ကြောင်းကို ဆက်လက်ပြသမှာဖြစ်ပါတယ်။

ဇာတ်ကားမှာ ပြန်လည်ပါဝင်မည့်သူတွေကတော့ Mark Hamill က Luke Skywalker အဖြစ်, ကွယ်လွန်သွားပြီဖြစ်တဲ့ Carrie Fisher က General Leia Organa အဖြစ်, Adam Driver က Kylo Ren အဖြစ်, Daisy Ridley က Rey အဖြစ်, John Boyega က Finn အဖြစ်, Lupita Nyong’o က Maz Kanata အဖြစ်, Oscar Isaac က Poe Dameron အဖြစ်, Domhnall Gleeson က Hux အဖြစ်, Anthony Daniels က C-3PO အဖြစ်, Gwendoline Christie က Captain Phasma အဖြစ်နှင့်  Andy Serkis က Supreme Leader Snoke အဖြစ်တို့ဖြစ်ပါတယ်။ အသစ်ပါဝင်လာမယ့်သူတွေကတော့ အကယ်ဒမီဆုရှင် Benicio Del Toro, အကယ်ဒမီ ဆန်ကာတင်စာရင်းဝင် Laura Dern နှင့် သရုပ်ဆောင်သစ် Kelly Marie Tran က Rose အဖြစ်တို့ဖြစ်ပါတယ်။

ဒီဇာတ်ကားကို Kathleen Kennedy နှင့် Ram Bergman တို့က ထုတ်လုပ်မှာဖြစ်ပြီး J.J. Abrams, Jason McGatlin နှင့် Tom Karnowski က အလုပ်မှုဆောင်အဖြစ် ထုတ်လုပ်မှာဖြစ်ပါတယ်။ The Last Jedi ဇာတ်ကားကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်တွင် ရုံတင်ပြသမှာဖြစ်ပါတယ်။



   RII

   #celebrity.thithtoolwin.com

   Source: Comingsoon