Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Stranger Things Season 2 ပြသမည့်ရက်စွဲ၊ ဇာတ်လမ်းနမူနာနှင့် Key Art တို့ထွက်ရှိလာ

Stranger Things Season 2 ပြသမည့်ရက်စွဲ၊ ဇာတ်လမ်းနမူနာနှင့် Key Art တို့ထွက်ရှိလာ

| No comment

ပြီးခဲ့တဲ့နှစ်က ကြည့်ရှုသူတွေကြား အောင်မြင်ခဲ့တဲ့ Stranger Things ရဲ့ အားလုံးစောင့်စားနေတဲ့ နောက်ဆက်တွဲ Season 2 ပြသမည့်ရက်စွဲ၊ ဇာတ်လမ်းနမူနာနှင့် Key Art တို့ကို Netflix က ဖော်ပြလိုက်ပါပြီ။ ဒုတိမြောက် Season က ဟော်လိုဝင်းအချိန်မီ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်မှာ ပြသမှာဖြစ်ပါတယ်။ Netflix က ဇာတ်လမ်းထဲက အဖြစ်အပျက်တွေ ဖြစ်ပွားတဲ့ အချိန်ကာလ (timeline) ကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

၁၉၅၃ ခုနှစ်၊ ရက်စွဲမသိရ - MKUltra က Hawkins မြို့ကိုရောက်လာပြီး စမ်းသပ်မှုတွေစတင်ခဲ့သည်။
၁၉၇၉ ခုနှစ် - ရဲမှူး Jim Hopper က Hawkins မြို့ကို ပြန်ရောက်လာသည်။
၁၉၈၃ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက် - Will Byers ပျောက်ဆုံးခြင်း
၁၉၈၃ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက် - Barbara Holland ပျောက်ဆုံးခြင်း
၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက် - Part 1
၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက် - Part 2

ဒုတိမြောက် Season က Will ပြန်ရောက်လာပြီး နောက်တစ်နှစ်အကြာမှာ အခြေတည်ထားတာဖြစ်ပြီး အရာအားလုံးက ပုံမှန်အတိုင်းပြန်ဖြစ်သွားပြီလို့ ထင်ရပေမယ့် အမှောင်ထုကြီးက အပေါ်ယံမျက်နှာပြင်အောက်မှာတင် ပုန်းကွယ်နေပြီး Hawkins မြို့တစ်ခုလုံးကို ခြိမ်းခြောက်လျက်ရှိပါတယ်။ ၁၉၈၄ ခုနှစ်ဖြစ်ပြီး Hawkins, Indiana မြို့သူမြို့သားတွေက Hawkins Lab ရဲ့ လျှို့ဝှက်ချက်တွေနှင့် demagorgon ရဲ့ကြောက်မက်ဖွယ်ဖြစ်ရပ်တွေကြောင့် ချာချာလည်နေကြတုန်းပါပဲ။ Will Byers ကို Upside Down ကနေ ပြန်ကယ်လာနိုင်ပေမည့် ပိုကြီးမားပြီး ပိုအန္တရာယ်ရှိတဲ့အရာက အသက်ရှင်ကျန်နေသူတွေကို ခြိမ်းခြောက်နေတုန်းပါပဲ။

Stranger Things Season 2 မှာ Winona Ryder, David Harbour, Finn Wolfhard, Millie Brown, Gaten Matarazzo, Caleb McLaughlin, Noah Schnapp, Natalia Dyer, Cara Buono, Charlie Heaton, and Matthew Modine တို့ပါဝင်ထားပါတယ်။ အသစ်ပါဝင်လာမည့်သူတွေကတော့ Sadie Sink (Unbreakable Kimmy Schmidt), Dacre Montgomery (Power Rangers), Brett Gelman (Blunt Talk, The Other Guys), သရုပ်ဆောင်သစ် Linnea Berthelsen, ၈၀ ခုနှစ်လွန်တွေတုန်းက နာမည်ကျော်ခဲ့တဲ့ Sean Astin (The Goonies) နှင့် Paul Reiser (Aliens) တို့ဖြစ်ပါတယ်။

     RII

    #celebrity.thithtoolwin.com

     Source: Comingsoon