Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / “The Battleship Island” အထူးပြသပွဲမှာ ဆံပင်စတိုင်အသစ်နှင့်တွေ့ရတဲ့ Park Bo Gum

“The Battleship Island” အထူးပြသပွဲမှာ ဆံပင်စတိုင်အသစ်နှင့်တွေ့ရတဲ့ Park Bo Gum

| No comment

 Park Bo Gum ကတော့ ပရိသတ်တွေကို ဆံပင်စတိုင်အသစ်နှင့် အံ့ဩသွားအောင် လုပ်လိုက်ပါပြီ။
Park Bo Gum က ဆိုးလ်မြို့၊ Yongsan District က CGV I’Park Mall မှာ ဇူလိုင်လ ၂၀ ရက်က ကျင်းပခဲ့တဲ့ “The Battleship Island” အထူးပြသပွဲကို တက်ရောက်ခဲ့ပါတယ်။ သူက ဆံပင်စတိုင်အသစ်နှင့် ပြုံးရယ်ရင်း ဓာတ်ပုံအရိုက်ခံခဲ့ပါတယ်။

သရုပ်ဆောင်တွေဖြစ်တဲ့ Hwang Jung Min, So Ji Sub, Song Joong Ki နှင့် Lee Jung Hyun တို့ပါဝင်ထားတဲ့ “The Battleship Island” ရုပ်ရှင်ကို ဇူလိုင်လ ၂၆ ရက်မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ဂျပန်နိုင်ငံက ကိုရီးယားနိုင်ငံကို သိမ်းပိုက်ထားတဲ့အချိန်မှာ Battleship Island (Hashima) က လွတ်မြောက်အောင် အသက်နှင့် ရင်းပြီး ထွက်ပြေးခဲ့ကြတဲ့ ကိုရီးယားလူမျိုးတွေအကြောင်း ရိုက်ကူးထားတာဖြစ်ပါတယ်။

အထူးပြသပွဲကို Yoo Seung Ho, Lee Min Jung, EXID အဖွဲ့ဝင် Hani, Go Jun Hee, iKON အဖွဲ့နှင့် အနုပညာရှင်များ တက်ရောက်ခဲ့ကြပါတယ်။

      RII

    #celebrity.thithtoolwin.com

     Source: Soompi