Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / “The Battleship Island” ရုပ်ရှင်မှ Song Joong Ki, So Ji Sub နှင့် သရုပ်ဆောင်များ၏ ဇာတ်ကောင်ပိုစတာများ ထွက်ရှိလာ

“The Battleship Island” ရုပ်ရှင်မှ Song Joong Ki, So Ji Sub နှင့် သရုပ်ဆောင်များ၏ ဇာတ်ကောင်ပိုစတာများ ထွက်ရှိလာ

| No comment

 “The Battleship Island” ရုပ်ရှင်မှာ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေဖြစ်တဲ့ Hwang Jung Min, So Ji Sub, Song Joong Ki နှင့် Lee Jung Hyun တို့ရဲ့ ဇာတ်ကောင်ပိုစတာများ ထွက်ရှိလာပါတယ်။

ဒီဇာတ်ကားကို “Veteran” နှင့် “Berlin” တို့ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Ryu Seung Wan က ရိုက်ကူးထားတာဖြစ်ပါတယ်။ ဂျပန်နိုင်ငံက ကိုရီးယားနိုင်ငံကို သိမ်းပိုက်ထားတဲ့အချိန်မှာ ဂျပန်စစ်တပ်ထဲကို ဖိအားပေးပြီး ခေါ်ဆောင်သွားခံရတဲ့ ကိုရီးယားလူမျိုးတွေအကြောင်း ရိုက်ကူးထားတာဖြစ်ပါတယ်။ သူတို့က Battleship Island (Hashima ကျွန်းကို ကျွန်းရဲ့ ပုံစံကြောင့် Battleship Island လို့ ခေါ်တာဖြစ်ပါတယ်) က လွတ်မြောက်အောင် အသက်နှင့် ရင်းပြီး ထွက်ပြေးခဲ့ကြပါတယ်။

Hwang Jung Min က အခြေအနေက ဘယ်လောက်ပဲ သေရေး ရှင်ရေးဖြစ်နေပါစေ သမီးကို အဆုံးရှုံးမခံနိုင်တဲ့ ဖခင် Lee Kang Ok အဖြစ် သရုပ်ဆောင်ထားပါတယ်။ သူ့ရဲ့ ပိုစတာပေါ်မှာတော့ “ကျွန်တော့်ကို လွှတ်ပေးဖို့ မပြောပါဘူး။ ကျွန်တော့် သမီး So Hee ကိုပဲ လွှတ်ပေးပါ” လို့ ရေးသားထားပါတယ်။

So Ji Sub က ကြမ်းတမ်းပေမယ့် သစ္စာရှိသူ Choi Chil Sung အဖြစ် သရုပ်ဆောင်ထားပါတယ်။ သူ့ရဲ့ ပိုစတာပေါ်မှာတော့ “ကိုရီးယားနိုင်ငံရဲ့ ပြည်သူတွေအားလုံး လှေပေါ်ရောက်တဲ့အထိ နောက်ကနေ ကာကွယ်ပေးထားမယ်” လို့ ရေးသားထားပါတယ်။

Song Joong Ki ကတော့ စစ်ဆင်ရေးတစ်ခုကို ထမ်းဆောင်ဖို့အတွက် ကျွန်းပေါ်ကို ခိုးဝင်ခဲ့တဲ့ Korean Independence Army က Office of Strategic Services (OSS) အေးဂျင့် Park Moo Young အဖြစ် သရုပ်ဆောင်ထားပါတယ်။ သူ့ရဲ့ ပိုစတာပေါ်မှာတော့ “ဒီမှာရှိနေတဲ့ ကိုရီးယားနိုင်ငံရဲ့ ပြည်သူတွေအားလုံး လွတ်မြောက်မှာပါ” လို့ ရေးသားထားပါတယ်။

Lee Jung Hyun က စိတ်ဓာတ်ကြံ့ခိုင်တဲ့ ကိုရီးယားလူမျိုး အမျိုးသမီး Mal Nyeon အဖြစ် သရုပ်ဆောင်ထားပါတယ်။ သူ့ရဲ့ ပိုစတာပေါ်မှာတော့ “အနည်းဆုံး လူတစ်ယောက်ပဲဖြစ်ဖြစ် အသက်ရှင်ရင် ကျွန်မတို့ အနိုင်ရတာပဲ။ အနည်းဆုံး လူတစ်ယောက်လောက်ပဲဖြစ်ဖြစ်ပေါ့” လို့ ရေးသားထားပါတယ်။

“The Battleship Island” ရုပ်ရှင်က ဂျပန်နိုင်ငံက ကိုရီးယားနိုင်ငံကို သိမ်းပိုက်ထားတဲ့အချိန်မှာ ဂျပန်စစ်တပ်ထဲကို ဖိအားပေးပြီး ခေါ်ဆောင်သွားခံရတဲ့ ကိုရီးယားလူမျိုးတွေအကြောင်း သမိုင်းကြောင်းကို အခြေခံထားတဲ့ ဝတ္ထုဇာတ်လမ်းဖြစ်ပါတယ်။

ဒီဇာတ်ကားကို ဇူလိုင်လ ၂၆ ရက်မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။

  RII

 #celebrity.thithtoolwin.com

  Source: Soompi