Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Wonder Woman 2 ထပ်လာဦးမယ်လို့ Warner Bros အတည်ပြု

Wonder Woman 2 ထပ်လာဦးမယ်လို့ Warner Bros အတည်ပြု

| No comment


ရုံတင်ပြသပြီး ဒေါ်လာ သန်း ၇၅၀ ကျော်အထိ Box Office မှာ ရရှိပြီး အောင်ပွဲခံခဲ့တဲ့ Wonder Woman ဇာတ်ကားအတွက် Sequal အဆက်ကိုတော့ အတည်ပြုလိုက်ပါပြီ။ Warner Bros ဟာ Wonder Woman 2 ဇာတ်ကားအတွက် အလုပ်လုပ်နေပြီဖြစ်ကြောင်း တရားဝင်အတည်ပြုခဲ့တာပါ။

ဒီသတင်းကို ဆန်ဒီယေဂိုမှာ ပြုလုပ်နေတဲ့ Comic-Con ပွဲမှာ အတည်ပြုပြောကြားခဲ့တာပါ။
Wonder Woman ကို ပြီးခဲ့တဲ့လက ရုံတင်ပြသခဲ့တာဖြစ်ပြီး Warner Bros ရဲ့ တတိယအကောင်းဆုံး ရုပ်ရှင်အဖြစ် The Dark Knight နဲ့ The Dark Knight Rises တို့ရဲ့နောက်မှာ သတ်မှတ်ခံခဲ့ရပါတယ်။

ရုပ်ရှင်ဟာ အမျိုးသမီးဒါရိုက်တာရိုက်ကူးတဲ့အထဲမှာ ဝင်ငွေအကောင်းဆုံး Live Action ဇာတ်ကားအဖြစ်လည်း ထပ်ဆောင်းသတ်မှတ်ခံခဲ့ရပြီး အောင်ပွဲအလီလီ ရယူခဲ့တာပါ။


      Brucee

     #celebrity.thithtoolwin.com

      Ref: The Verge