Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / X-Men Universe ထဲမှာ အခြေတည်ထားတဲ့ The New Mutants ဇာတ်ကား ရိုက်ကူးရေးစတင်

X-Men Universe ထဲမှာ အခြေတည်ထားတဲ့ The New Mutants ဇာတ်ကား ရိုက်ကူးရေးစတင်

| No comment


The Fault in Our Stars ဒါရိုက်တာ Josh Boone က The New Mutantsဇာတ်ကားကို ရုပ်ရှင်ပိတ်ကားပေါ်ခေါ်ဆောင်လာဖို့ ဆွေးနွေးနေကြောင်းခဲ့သိခဲ့ရတာ ၂ နှစ်ကျော်ကျော်ပဲရှိပါသေးတယ်။ အခုတော့တရားဝင်ရိုက်ကူးရေးစတင်ပြီဖြစ်ကြောင်း Boone က Instagram မှာဖော်ပြလိုက်ပါပြီ။

ဇာတ်ကားထဲမှာပါဝင်မည့် သရုပ်ဆောင်တွေကတော့ Anya Taylor-Joy (Split, TheWitch) က Magik အဖြစ်၊ Maisie Williams (Game of Thrones, Doctor Who) ကWolfsbane အဖြစ်၊ Charlie Heaton (Stranger Things, Shut In) ကCannonball အဖြစ်၊ သရုပ်ဆောင်သစ် Blu Hunt (The Originals) က DanielleMoonstar အဖြစ်၊ Henry Zaga (13 Reasons Why) က Sunspot အဖြစ်တို့ပဲဖြစ်ပါတယ်။

 Alice Braga (Queen of the South, Predators, I Am Legend) ကDr. Cecilia Reyes အဖြစ်သရုပ်ဆောင်ဖို့ ဆွေးနွေးနေဆဲဖြစ်ပါတယ်။ပုံသဏ္ဍန်ပြောင်းလဲနိုင်တဲ့ ဂြိုလ်သား Warlock ကိုတော့ CGI ဖန်တီးမှုနှင့်တင်ဆက်မှာဖြစ်ပြီး အစောပိုင်းမှာ ကောလဟာလတွေ ထွက်နေခဲ့ပေမယ့် JamesMcAvoy က Charles Xavier အဖြစ်ပါဝင်ထားခြင်းမရှိပါဘူး။Josh Boone (The Fault in Our Stars) က The New Mutants ဇာတ်ကားက “horrorရသအပြည့်အဝခံစားရမည့် X-Men Universe ထဲမှာ အခြေတည်ထားတဲ့ ဇာတ်ကား”ဖြစ်ပြီး ဝတ်စုံပြည့်ဝတ်ဆင်တာတွေနှင့် supervillains တွေမပါဝင်ကြောင်းပြောပြထားပါတယ်။

 ဇာတ်ကွက်ကတော့ လျှို့ဝှက်အဆောက်အဦးတစ်ခုမှာပိတ်လှောင်ခံထားရတဲ့ ဆယ်ကျော်သက် သန္ဓေပြောင်းသူ ၅ ယောက်က သူတို့ရဲ့အန္တရာယ်များတဲ့ စွမ်းအားတွေကို ထိန်ချုပ်နိုင်ဖို့ ကြိုးစားနေတဲ့ဇာတ်လမ်းဖြစ်ကြောင်း ကောလဟာလထွက်နေပါတယ်။ Boone နှင့် ငယ်သူချင်းproducer Knate Lee (Bad Grandpa) တို့ရဲ့ ဇာတ်ညွှန်းကို PG-13 ratingအဖြစ်ရိုက်ကူးနေပါတယ်။

The New Mutants ဇာတ်ကားက ၁၉၈၂ ခုနှစ်က စတင်ထုတ်ဝေခဲ့တဲ့ အမည်တူရုပ်ပြစာအုပ်ကို  ရိုက်ကူးထားတာဖြစ်ပါတယ်။ Chris Claremont နှင့် BobMcLeod တို့ ရေးသားခဲ့တဲ့The New Mutants ရုပ်ပြစာအုပ်က Marvel Universeထဲက လူစွမ်းကောင်းတွေဖြစ်လာဖို့ လေ့လာသင်ယူနေတဲ့ ဆယ်ကျော်သက်
သန္ဓေပြောင်းသူတစ်စုရဲ့အကြောင်းဖြစ်ပါတယ်။ ဒီဇာတ်ကားက အခြား X-Menဇာတ်ကားတွေရဲ့ sci-fi-action မြင်ကွင်းက ခွဲထွက်ထားပြီး “Stephen Kingနှင့် John Hughes ဆုံစည်းထားတဲ့”-စတိုင် horror ဇာတ်ကားဖြစ်တယ်လို့ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလက ဇာတ်ကားထဲက ပေါက်ကြားလာတဲ့ Wolfsbane, Magik နှင့်Cannonball တို့က Demon Bear ကို ရင်ဆိုင်နေတဲ့ concept animatic ကိုComingSoon.net က ဖော်ပြခဲ့ပါတယ်။
၂၀၁၈ ခုနှစ် ဧပြီလ ၁၃ ရက်မှာ ရုံတင်ပြသမှာဖြစ်ပြီး New Mutants မှာထပ်ပါလာမည့် သရုပ်ဆောင်တွေကို လာမည့်ရက်အတွင်းမှာ သိရမယ်လို့မျှော်လင့်ထားပါတယ်။

    RII

  #celebrity.thithtoolwin.com

  Source: Comingsoon