Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Zedd နှင့် Liam Payne တို့၏ 'Get Low' သီချင်းသစ်ထွက်ရှိမည်

Zedd နှင့် Liam Payne တို့၏ 'Get Low' သီချင်းသစ်ထွက်ရှိမည်

| No comment


Zedd နှင့် Liam Payne တို့က 'Get Low' ဟု အမည်ရသော သီချင်းသစ်တစ်ပုဒ်ကို အတူတွဲဖက် သီဆိုထားပါတယ်။ သူတို့နှစ်ယောက် Instagram မှာ ကြေညာခဲ့တဲ့ ဒီသီချင်းက ဇူလိုင်လ ၆ ရက်၊ ကြာသပတေးနေ့မှာ ထွက်ရှိမှာဖြစ်ပါတယ်။

သီချင်းမထွက်ခင် အင်္ဂါနေ့မှာ Payne က Spotify "pre-save" link ကို ကြိုတင်မျှဝေခဲ့ပါတယ်။

'Get Low' သီချင်းရဲ့ teaser တွေ ထွက်မလာသေးပေမယ့် “ကျွန်တော့် ကိုယ်ပိုင်အမြင်အရတော့ နွေရာသီ သီချင်းဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်က ဒီသီချင်းပါပဲ။ Drake ရဲ့ ပုံစံမျိုး လွှမ်းမိုးမှုတွေပါနေတဲ့ သီချင်းပါ” လို့ Zedd က Beats 1 ကို ပြောပြခဲ့ပါတယ်။ Zedd က ဒီသီချင်းကို Payne ရဲ့ တစ်ကိုယ်တော်သီချင်းပုံစံနှင့် သူ့ရဲ့ ကိုယ်ပိုင်သီချင်းရဲ့ ဦးတည်ချက်ကြားက ဟန်ချက်ညီမှုအဖြစ် ပုံဖြော်ပခဲ့ပါတယ်။

'Get Low' သီချင်းက Payne ရဲ့ ပွဲဦးထွက် "Strip That Down" သီချင်းပြီးနောက် ထွက်ရှိလာတာဖြစ်ပြီး One Direction အဖွဲ့ဝင်က “ကျွန်တော် မလုပ်ဖူးတဲ့ ပုံစံမျိုး”  လို့ ဖော်ပြခဲ့ပါတယ်။ သူက U.S. တီဗီမှာ ပထမဆုံး တစ်ကိုယ်တော်ပါဝင်မှုအဖြစ် ဇွန်လက Jimmy Fallon's Tonight Show မှာ ဖျော်ဖြေခဲ့ပါတယ်။

   RII

  #celebrity.thithtoolwin.com

   Source: Billboard