Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Angelina Jolie ဒါရိုက်တာအဖြစ် ရိုက်ကူးထားသည့် First They Killed My Father ဇာတ်ကားနမူနာနှင့် Key Art ထွက်ရှိလာ

Angelina Jolie ဒါရိုက်တာအဖြစ် ရိုက်ကူးထားသည့် First They Killed My Father ဇာတ်ကားနမူနာနှင့် Key Art ထွက်ရှိလာ

| No comment


စက်တင်ဘာလ ၁၅ ရက်၊ သောကြာနေ့မှာ ရုံတင်ပြသမှာဖြစ်ပြီး နိုင်ငံတကာမှာတော့ Netflix မှ ပြသမည့် Angelina Jolie ဒါရိုက်တာအဖြစ် ရိုက်ကူးထားသည့် First They Killed My Father ဇာတ်ကားနမူနာနှင့် Key Art ကို Netflix ဖော်ပြလိုက်ပါတယ်။

Angelina Jolie (Unbroken, By the Sea) ရိုက်ကူးထားတဲ့ First They Killed My Father ဇာတ်ကားက ကမ္ဗောဒီယားလူမျိုး စာရေးဆရာမနှင့် လူ့အခွင့်အရေးလှုပ်ရှားသူ Loung Ung ရဲ့ ၁၉၇၅ ခုနှစ်မှ ၁၉၇၈ ခုနှစ်အတွင်း ရက်စက်ကြမ်းကြုတ်တဲ့ Khmer Rouge အစိုးရခေတ်မှာ အသက်ရှင်သန်ခဲ့တဲ့အကြောင်းကို ထိထိမိမိရေးသားထားတဲ့ ဘဝအတွေ့အကြုံမှတ်တမ်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။

 Khmer Rouge အာဏာရလာတဲ့အချိန်မှာ သူမရဲ့ အသက် ၅ နှစ်ကနေ အသက် ၉ နှစ်အတွင်း ကြုံတွေ့ခဲ့ရတာတွေကို သူမရဲ့ အမြင်နှင့် ဇာတ်လမ်းကို ပြောပြထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ Khmer Rouge ခေတ်က Loung နှင့် သူ့မိသားစုက မကွဲမကွာဘဲ အတူနေနိုင်ဖို့ အနိုင်မခံအရှုံးမပေးတဲ့ စိတ်ဓာတ်၊ သံယောဇဉ်ကြီးမားမှုတို့နှင့် ရုန်းကန်ကြိုးစားပုံကို သရုပ်ဖော်ထားတာဖြစ်ပါတယ်။

First They Killed My Father ဇာတ်ကားဟာ Netflix မူပိုင်ဇာတ်ကားဖြစ်ပြီး Angelina Jolie နှင့် အော်စကာ ဆန်ကာတင်စာရင်းဝင် The Missing Picture ကို ရိုက်ကူးခဲ့တဲ့ ကမ္ဗောဒီယားလူမျိုး ဒါရိုက်တာနှင့် ထုတ်လုပ်သူ Rithy Panh တို့က ထုတ်လုပ်ထားတာဖြစ်ပါတယ်။ Loung Ung, Maddox Jolie-Pitt, Adam Somner (Bridge of Spies), Michael Vieira (By the Sea) နှင့် Charles Schissel (The Prestige) တို့က အမှုဆောင်ထုတ်လုပ်သူအဖြစ် ဆောင်ရွက်ထားပြီး အကယ်ဒမီဆုရှင် Anthony Dod Mantle (Slumdog Millionaire)  က director of photography အဖြစ် ဆောင်ရွက်ထားပါတယ်။


  RII

 #celebrity.thithtoolwin.com
 
  Source: Comingsoon