Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Austin Mahone နှင့် Hardwell တို့၏ “Creatures Of The Night” သီချင်းဗီဒီယို ထွက်ရှိလာ

Austin Mahone နှင့် Hardwell တို့၏ “Creatures Of The Night” သီချင်းဗီဒီယို ထွက်ရှိလာ

| No comment

Austin Mahone ရဲ့ အောင်မြင်မှုက ၂၀၁၇ ခုနှစ်မှာ တဖန်ပြန်လည်ရှင်သန်လာပါတယ်။ နှစ်အနည်းငယ်အတွင် အကူးအပြောင်းတွေကို ကြုံတွေ့ခဲ့ရပြီးနောက် (နာမည်ကြီး ဆယ်ကျော်သက်ကနေ အရွယ်ရောက်လာတဲ့ pop star တစ်ယောက်ဖြစ်ရတာ မလွယ်ကူပါဘူး) နောက်တစ်ကြိမ် ခေတ်စားလာပြန်ပါပြီ။

အသက် ၂၁ နှစ်ရှိပြီဖြစ်တဲ့ Austin ရဲ့ ၂၀၁၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ “Dirty Work” သီချင်းဟာ ဂျပန်နိုင်ငံမှာ အအောင်မြင်ဆုံး နိုင်ငံခြားသီချင်းဖြစ်ခဲ့ပါတယ်။ သူက လူကြိုက်များတဲ့ ForMe+You EP အတွက် နယ်လှည့်ဖျော်ဖြေရေးတွေ ပြုလုပ်ခဲ့ပြီး ဆွဲဆောင်မှုရှိတဲ့ ဓာတ်ပုံတွေကြောင့် Instagram မှာ ရေပန်းစားလျက်ရှိပါတယ်။ ဒါတွေအပြင် သူက Pitbull ရဲ့ “Dedicated” သီချင်းနှင့်  Hardwell ရဲ့ “Creatures Of The Night” သီချင်းတွေမှာ ပါဝင်သီဆိုခဲ့ပါသေးတယ်။

ဒုတိယသီချင်းအတွက် ဗီဒီယိုကတော့ ဩဂုတ်လ ၄ ရက်က ထွက်ရှိလာပြီး ကခုန်လို့ ကောင်းတဲ့ ဒီသီချင်းမှာ လူငယ်တစ်သိုက်က nightclub ကို ဝင်ရောက်လာတဲ့ပုံစံရိုက်ကူးထားပါတယ်။ Austin က အမိုးဖွင့်ကားကို မောင်းလာရင်း Hardwell ဖျော်ဖြေနေတဲ့ နေရာကို ရောက်လာပြီး ပျော်ပါးကြပါတယ်။ “Creatures Of The Night” သီချင်းက Billboard’s Dance Club Songs Chart မှာ top 40 နေရာကို ဝင်ရောက်ခဲ့ပေမယ့် ဒီသီချင်းက ရှိန်မြင့်တဲ့ chorus နှင့် ခေတ်စားနေတဲ့ drop တွေကြောင့် ရေဒီယိုမှာလွှင့်ဖို့ လိုက်ဖက်လှပါတယ်။

                       Creatures Of The Night


 
RII

#celebrity.thithtoolwin.com

Source: Idolator