Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Bumblebee ဇာတ်ကားထဲမှ Hailee Steinfeld ၏ ပထမဆုံးဓာတ်ပုံ ထွက်ရှိလာ

Bumblebee ဇာတ်ကားထဲမှ Hailee Steinfeld ၏ ပထမဆုံးဓာတ်ပုံ ထွက်ရှိလာ

| No comment



Paramount Pictures နှင့် Hasbro တို့ရဲ့ Bumblebee ဇာတ်ကားကို California မြို့မှာ ရိုက်ကူးလျက်ရှိပြီး Hailee Steinfeld က သူမရဲ့ ၁၉၈၀ ခုနှစ်လွန်က ဇာတ်ကောင် Charlie Watson ပုံကို Twitter မှာ တင်ခဲ့ပါတယ်။

ဒါရိုက်တာ Travis Knight (Kubo and the Two Strings) ရိုက်ကူးမည့် ဒီဇာတ်ကားမှာ Hailee Steinfeld (Edge of Seventeen), Pamela Adlon (Better Things), John Cena (Daddy’s Home 2), Stephen Schneider (Comedy Central’s Broad City), Jorge Lendeborg Jr. (Spider-Man: Homecoming), Jason Drucker (Diary of a Wimpy Kid: The Long Haul), Kenneth Choi (American Crime Story), Ricardo Hoyos (Degrassi: Next Class), Abby Quinn (Landline), Rachel Crow (Deidra & Laney Rob a Train) နှင့် Grace Dzienny (Zoo) တို့ပါဝင်ထားပါတယ်

၁၉၈၇ ခုနှစ်မှာ ထွက်ပြေးနေရတဲ့ Bumblebee ဟာ California က ကမ်းခြေမြို့ငယ်လေးမှာရှိတဲ့ အပျက်အစီးတွေထားတဲ့ ခြံဝင်းထဲမှာ ခိုလှုံရာရခဲ့ပါတယ်။ လောကကြီးထဲမှာ သူနှင့် သင့်တော်မည့် နေရာကိ ရှာဖွေနေတဲ့ အသက် ၁၈ နှစ်ပြည့်ခါနီး Charlie (Hailee Steinfeld) က တိုက်ပွဲမှာရရှိခဲ့တဲ့ ဒဏ်ရာဒဏ်ချက်တွေနှင့် ပျက်စီးနေတဲ့ Bumblebee ကို တွေ့ရှိခဲ့ပါတယ်။ Charlie က သူ့ကို ပြန်လည်ပြင်ဆင်လိုက်တဲ့အခါမှာတော့ သူဟာ သာမန် အဝါရောင် VW ကားလေး မဟုတ်တာကို အလျင်အမြန်ပဲ သိရှိခဲ့ရပါတယ်။

ဒီဇာတ်ကားကို Transformers ဇာတ်လမ်းတွဲကို ထုတ်လုပ်တဲ့ Lorenzo di Bonaventura နှင့် Michael Bay တို့က အမှုဆောင်ထုတ်လုပ်သူ Steven Spielberg, Brian Goldner နှင့် Mark Vahradian တို့နှင့်အတူ ထုတ်လုပ်မှာဖြစ်ပါတယ်။ Chris Brigham (Argo, Inception) ကလည်း အမှုဆောင်ထုတ်လုပ်သူအဖြစ် ဆောင်ရွက်ထားပါတယ်။ ဇာတ်ညွှန်းကို Christina Hodson (Unforgettable) က ရေးသားထားပါတယ်။

Bumblebee ဇာတ်ကားကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်မှာ အမေရိကတွင် ရုံတင်ပြသသွားမှာဖြစ်ပါတယ်။
   

  RII

 #celebrity.thithtoolwin.com

 Source: Comingsoon