Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Chaos Walking ဇာတ်ကားတွင် Tom Holland နှင့် Daisy Ridley တို့နှင့်အတူ Nick Jonas ပါဝင်မည်

Chaos Walking ဇာတ်ကားတွင် Tom Holland နှင့် Daisy Ridley တို့နှင့်အတူ Nick Jonas ပါဝင်မည်

| No comment


လူငယ်ဝတ္ထုကို အခြေခံထားတဲ့ Lionsgate ရဲ့ Chaos Walking ဇာတ်ကားကို ရိုက်ကူးဖို့ ပြင်ဆင်နေစဉ်မှာပဲ Grammy ဆန်ကာတင်စာရင်းဝင် အဆိုတော်နှင့် သရုပ်ဆောင် Nick Jonas (Goat,  အသစ်ထွက်ရှိလာမည့် Jumanji: Welcome to the Jungle) လည်းပါဝင်မည်ဖြစ်ကြောင်း The Hollywood Reporter က ဖော်ပြခဲ့ပါတယ်။ Jonas က သူ့ဖခင် Mayor Prentiss (Mads Mikkelsen)နှင့် Todd Hewitt’s (Tom Holland) တို့ရဲ့ ခင်မင်မှုကို မနာလိုဖြစ်နေတဲ့ သူ့အဖေရဲ့ စစ်တပ်ထဲက စစ်သား Davy Prentiss Jr. အဖြစ်သရုပ်ဆောင်မှာဖြစ်ပါတယ်။

ဒီဇာတ်ကားထဲမှာ Tom Holland (Captain America: Civil War, Spider-Man: Homecoming) နှင့် Daisy Ridley (Star Wars: The Force Awakens, Star Wars: The Last Jedi) တို့နှင့်အတူ Mads Mikkelsen (Rogue One: A Star Wars Story) က Mayor Prentiss အဖြစ်၊ Demian Bichir (Alien: Covenant) က Ben အဖြစ်နှင့် Sons of Anarchy ဖန်တီးသူ Kurt Sutter က Cillian အဖြစ်ပါဝင်ထားပါတယ်။

စာရေးဆရာ Patrick Ness လူငယ်ဝတ္ထုဇာတ်လမ်းတွဲကို အခြေခံထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို Doug Liman (Edge of Tomorrow, Mr. & Mrs. Smith) ကရိုက်ကူးမှာဖြစ်ပြီး ကမ္ဘာပျက်ပြီး နောက်ပိုင်းဖြစ်တဲ့ ဇာတ်လမ်းကို အောက်ပါအတိုင်း ဖော်ပြထားပါတယ်။

စိတ်ကူးထားတာထက် လွန်ကဲတဲ့ ရုပ်ရှင်နှင့် ပတ်သက်တဲ့ တွေ့ကြုံခံစားမှုတွေကို Carnegie Award ဆုရ စာရေးဆရာ Patrick Ness ဆီက ရရှိမှာဖြစ်ပါတယ်။ Todd Hewitt က အလှမ်းဝေကွာတဲ့ ဂြိုဟ်တစ်ခုဖြစ်တဲ့ New World မှာနေထိုင်ပါတယ်။ New World ဟာ လူတစ်ယောက်ရဲ့ အတွေးအခေါ်တိုင်းမှာ နစ်မြုပ်နေတဲ့ အမြင်အာရုံတွေကို ဖြစ်ပေါ်လာစေတဲ့ “The Noise” လို့ခေါ်တဲ့ ရောဂါပိုးမွှားရဲ့ တိုက်ခိုက်ခြင်း မခံရခင်အထိတော့ လူသားမျိုးနွယ်အတွက် မျှော်လင့်ချက်အသစ်တစ်ခု ဖြစ်ခဲ့ပါတယ်။

ဒီဆူညံသံဟာ လူတွေအများကြီးကို ရူးသွပ်သွားစေခဲ့ပါတယ်။ Todd က New World ရဲ့ လျှို့ဝှက်ချက်တွေကို ဖွင့်ဟနိုင်မည့် သော့ချက်ဖြစ်နိုင်ခြေရှိတဲ့ Viola ဆိုတဲ့ မိန်းကလေးတစ်ယောက်ကို တိတ်တဆိတ် ရှာဖွေတွေ့ရှိခဲ့ပါတယ်။ စူးစမ်းသွားလာဖူးခြင်းမရှိသေးတဲ့ ဂြိုဟ်ပေါ်ကို သူတို့နှစ်ယောက်အတူတကွ စွန့်စားခန်းထွက်ခဲ့ရပါတယ်။ အတွေးအခေါ်တိုင်းကို ကြားနေရပြီး လှုပ်ရှားမှုတိုင်းကို မြင်နေရတဲ့ ပတ်ဝန်းကျင်မှာ ပုန်းကွယ်ရင် ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးစားရင်း သူတို့ရဲ့ အိမ်ဖြစ်လာတဲ့ ကြီးကျယ်ခမ်းနားတဲ့ လောကကြီးနှင့် သူတို့နောက်မှာ ချန်ထားခဲ့တဲ့ ဘဝတွေရဲ့ အမှန်တရားကို ရှာဖွေသိရှိလာရပါတယ်။

Doug Davison (who worked with Liman on next year’s Tom Cruise-starrer Mena) နှင့် Alli Shearmur (Rogue One: A Star Wars Story, Cinderella) တို့က Chaos Walking ဇာတ်ကားကို Robert Zemeckis နှင့် သူ့ရဲ့ ImageMovers ပါတနာ Jack Rapke နှင့်အတူ ထုတ်လုပ်မှာဖြစ်ပါတယ်။
Chaos Walking ဇာတ်ကားကို ၂၀၁၉ ခုနှစ်၊ မတ်လ ၁ ရက်မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။


RII


#celebrity.thithtoolwin.com

Source: Comingsoon