Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Chris Pratt နှင့် ဆုံတွေ့ရတာ ‘ထူးထူးခြားခြား တုန်လှုပ်မိတယ်’ ဆိုတဲ့ Chris Hemsworth

Chris Pratt နှင့် ဆုံတွေ့ရတာ ‘ထူးထူးခြားခြား တုန်လှုပ်မိတယ်’ ဆိုတဲ့ Chris Hemsworth

| No comment


God of Thunder တောင်မှ နာမည်ကြီးတွေနှင့် ဆုံတွေ့ရရင် သဘောကျတတ်ပါတယ်။
Marvel ရုပ်ရှင်တွေထဲမှာ Thor အဖြစ်သရုပ်ဆောင်တဲ့ Chris Hemsworth က စူပါဟီးရိုး လုပ်ဖော်ကိုင်ဖက် Guardians of the Galaxy မင်းသား Chris Pratt နှင့် ပထမဆုံး ဆုံတွေ့ရတဲ့အကြောင်းကို စက်တင်ဘာလထုတ် ELLE မဂ္ဂဇင်းထဲမှာ ဖွင့်ဟပြောပြခဲ့ပါတယ်။

“ပထမဆုံးအကြိမ် တကယ်တမ်း Chris Pratt ကို တွေ့ပြီး သူနဲ့ Guardians တွေနဲ့အတူ ရိုက်ကွင်းပေါ်ရောက်တော့ ကျွန်တော် ထူးထူးခြားခြား တုန်လှုပ်မိတယ်။ ဘာကြောင့်မှန်းတော့ မသိဘူး။ သူက အရမ်းကို ဩဇာတိက္ကမနဲ့ ပြည့်စုံတယ်။ ပြီးတော့ အလုပ်လုပ်တဲ့နေရာမှာလည်း တော်တယ်” လို့ ရယ်ရယ်မောမော ပြောပြခဲ့ပါတယ်။

နောက်ဆုံးတော့ Thor နှင့် Pratt ရဲ့ ဇာတ်ကောင် Star-Lord ကို Avengers တွေနှင့် Guardians တွေ ပူးပေါင်းပြီး josh Brolin ရဲ့ ဗီလိန်ဇာတ်ကောင် Thanos ကို ရင်ဆိုင်တိုက်ခိုက်မည့် ၂၀၁၈ ခုနှစ်ထွက် Avengers: Infinity War မှာ အတူတွေ့မြင်ရတော့မှာပါ။

ဒါပေမည့် နောက်ဆုံးတိုက်ပွဲ မစခင်မှာ Hemsworth က Cate Blanchett သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းတွဲရဲ့ ပထမဆုံး အမျိုးသမီးဗီလိန် Hela နှင့်အတူ Thor: Ragnarok ဇာတ်ကားမှာ ပါဝင်ထားပါတယ်။

“သူ့ရှေ့မှာ မဟုတ်တာတစ်ခုခု လုပ်မိရင် သူက ချက်ချင်းမဆိုင်းမတွ ပြောတတ်တယ်။ အဲ့ဒီလိုဆိုတော့ ကြောက်ဖို့ ကောင်းတာပေါ့။ ကျွန်တော် လမ်းလျှောက်ဝင်လာပြီး ထွေရာလေးပါး စကားပြောနေတုန်း သူက ‘Chris ဘာတွေ လုပ်နေတာလဲ? တကယ်လား၊ မင်းပြောမဲ့ ဇာတ်လမ်းက ဒီအကြောင်းလား?’ ဆိုပြီး ပြောတတ်တယ်” လို့ ပြောပြခဲ့ပါတယ်။

ဆက်လက်ပြီး “ဒီတော့ ကျွန်တော့လည်း ‘သွားပါပြီ။ သူနဲ့ဆိုရင်တော့ ဘာလုပ်လုပ် လွတ်မှာမဟုတ်တော့ဘူး။ ငါ့ရဲ့ အပြင်ပန်းသွင်ပြင်ကို ခွာချမှဖြစ်မယ်…’ ပေါ့လေ။ သူ အထင်ကြီးလာအောင် လုပ်ချင်တဲ့ စိတ်တွေလည်း တော်တော်လေးဖြစ်မိတယ်” လို့ ပြောပါတယ်။

ကံကောင်းထောက်မစွာနှင့်  Blanchett က သူ့ကို နေနေကျအတိုင်းပဲနေဖို့ အားပေးခဲ့ကြောင်း Hemsworth  က ပြောပြပါတယ်။ “သူက ‘ကျွန်မလည်း လူထဲက လူပါပဲ။ ပုံမှန်အတိုင်းပဲနေပါ’ လို့ပြောတယ်။ မသိလိုက်ခင်မှာပဲ အတူတူစားသောက်၊ ဇာတ်လမ်းတွေပြောပြီး ဟာသတွေလုပ်ဖြစ်ကြတယ်။ သူ့မှာ ပျော်တတ်တဲ့ ဟာသဉာဏ် ရှိတယ်”

Thor: Ragnarok ဇာတ်ကားကို နိုဝင်ဘာလ ၃ ရက်မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။


RII

#celebrity.thithtoolwin.com

Source: EW