Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Deadpool 2 ဇာတ်ကားထဲမှ Domino ၏ ပထမဆုံးဓာတ်ပုံ ထွက်ရှိလာ

Deadpool 2 ဇာတ်ကားထဲမှ Domino ၏ ပထမဆုံးဓာတ်ပုံ ထွက်ရှိလာ

| No comment




Deadpool 2 ဇာတ်ကားကို ဆက်လက်ရိုက်ကူးနေဆဲဖြစ်ပြီး မင်းသား Ryan Reynolds က ရိုက်ကွင်းပေါ်မှာ ကံတရားကို ပြောင်းလဲပေးနိုင်တဲ့ သန္ဓေပြောင်းသူ Domino အဖြစ် သရုပ်ဆောင်ထားတဲ့ Zazie Beetz (Atlanta) ရဲ့ ပထမဆုံးဓာတ်ပုံကို Twitter မှာ ဖော်ပြခဲ့ပါတယ်။

20th Century Fox ရဲ့ နောက်ဆက်တွဲ Marvel ဇာတ်ကားကို “real heroes here,” ဇာတ်ညွှန်းရေးသားသူ Rhett Reese နှင့် Paul Wernick က ရေးသားပေးထားပြီး John Wick ဒါရိုက်တာ David Leitch က ရိုက်ကူးမှာဖြစ်ပါတယ်။ X-Men ဇာတ်လမ်းတွဲကို တာဝန်ယူထားတဲ့ Simon Kinberg နှင့် Lauren Shuler Donner တို့နှင့်အတူ Reynolds က Deadpool 2 အတွက် ထုတ်လုပ်သူအဖြစ်ဆောင်ရွက်မှာပါ။

Reynolds က X-Men ထဲက Cyclops ရဲ့သားဖြစ်ပြီး အချိန်ခရီးသွားနိုင်တဲ့ Cable အဖြစ်သရုပ်ဆောင်ထားတဲ့ Josh Brolin နှင့်အတူလက်တွဲရမှာဖြစ်ပါတယ်။ Jack Kesy (The Strain, Baywatch) က အဓိကဗီလိန်အဖြစ် သရုပ်ဆောင်မှာဖြစ်ပြီး အိုင်းရစ်လူမျိုး သန္ဓေပြောင်းသူ Black Tom Cassidy ဖြစ်မယ်လို့ ကောလဟာလတွေ ထွက်နေပေမယ့် အတည်မပြုရသေးပါဘူး။ ဂျပန်မင်းသမီး Shioli Kutsuna နှင့် Julian Dennison (Hunt for the Wilderpeople) တို့ကလည်း ဒီဇာတ်ကားထဲမှာ လျှို့ဝှက်ထားတဲ့ ဇာတ်ကောင်နေရာက ပါဝင်မှာဖြစ်ပါတယ်။

ပထမ Deadpool ဇာတ်ကားထဲက ပြန်လည်ပါဝင်လာတဲ့ သရုပ်ဆောင်တွေကတော့ Blind Al အဖြစ် Leslie Uggams, Vanessa အဖြစ် Morena Baccarin, Negasonic Teenage Warhead အဖြစ် Brianna Hildebrand နှင့် Colossus အဖြစ် Stefan Kapicic က အသံသရုပ်ဆောင်ထားပါတယ်။
Deadpool 2 ကို ၂၀၁၈ ခုနှစ် ဇွန်လ ၁ ရက်မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။


       Bruce

     #celebrity.thithtoolwin.com

      Source: Comingsoon