Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Deadpool 2 ရိုက်ကွင်းမှာ Stunt သမားတစ်ဦး သေဆုံး

Deadpool 2 ရိုက်ကွင်းမှာ Stunt သမားတစ်ဦး သေဆုံး

| No comment


“Deadpool 2” ဇာတ်ကားရိုက်ကွင်းမှာ မော်တော်ဆိုင်ကယ် စတန့်သမားတစ်ဦးဟာ ဆိုးဆိုးဝါးဝါး မှားယွင်းသွားပြီး မတော်တဆမှုတစ်ခုနဲ့ သေဆုံးသွားကြောင်း သိရပါတယ်။

အဆိုပါ အမျိုးသမီး စတန့်သမားဟာ မနေ့က Vancouver Monday မှာ ပြုလုပ်ခဲ့တဲ့ ဇာတ်ကား ရိုက်ကွင်းမှာ အခုလို ဖြစ်ပွားခဲ့တာပါ။ သူမရဲ့ ဆိုင်ကယ်ဟာ မှောက်သွားပြီးတော့ အနားမှာရှိတဲ့ Shaw Tower ရဲ့ မြေညီထပ်ထဲကို ဝင်သွားခဲ့တာပါ။ ဒီအကြောင်းကို အဓိက မင်းသား Ryan Reynolds က Twitter မှာ ဝမ်းနည်းကြေကွဲရကြောင်း Tweet တစ်ခု တင်ခဲ့ပါတယ်။



လက်ရှိအချိန်ထိ Identity ကို ထုတ်ဖော်ခြင်းမရှိသေးတဲ့ စတန့်သမားကို မှောက်တဲ့နေရာကနေ လူနာတင်ကားနဲ့ ဆေးရုံပို့ခဲ့ပေမယ့် သေဆုံးသွားခဲ့တာ ဖြစ်ကြောင်းလည်း သိရပါတယ်။
ဒါဟာဆိုရင် Tom Cruise ရဲ့ “Mission: Impossible 6” ရိုက်ကွင်းမှာ ဆိုးဆိုးရွားရွား ထိခိုက်ဒဏ်ရာရမှု ဖြစ်ပွားပြီးနောက် အဆိုးဆုံး ရုပ်ရှင်မတော်တဆမှု ဖြစ်ခဲ့ပါတယ်။

Brucee


#celebrity.thithtoolwin.com


Ref: TMZ