Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Empire မဂ္ဂဇင်း မျက်နှာဖုံးပေါ်က Thor နှင့် Hulk

Empire မဂ္ဂဇင်း မျက်နှာဖုံးပေါ်က Thor နှင့် Hulk

| No comment


 Thor: Ragnarok မင်းသား Chris Hemsworth နှင့် Mark Ruffalo တို့က ဒီတစ်ပတ်ထုတ် Empire မဂ္ဂဇင်းရဲ့ Thor နှင့် Hulk မျက်နှာဖုံးကို သူတို့ရဲ့ လူမှုကွန်ယက်မှာ မျှဝေခဲ့ကြပါတယ်။

Marvel Studios ရဲ့ Thor: Ragnarok ဇာတ်ကားမှာ Thor ဟာ သူ့ရဲ့ အင်အားကြီးမားတဲ့ တူကြီးမပါဘဲ စင်္ကြဝဠာရဲ့ တစ်ဘက်ခြမ်းတွင် ဖမ်းချုပ်ထားခံရပြီး ရက်စက်ကြမ်းကြုတ်တဲ့ Hela ရဲ့ အစွမ်းထက်လှတဲ့ ခြိမ်းခြောက်မှုကြောင့် Asgardian သာယာဝပြောမှု ချုပ်ငြိမ်းပြီး ပျက်သုဉ်းမှု Ragnarok မဖြစ်ပွားခင် အချိန်မီ Asgard ကို ပြန်သွားပြီး တားဆီးရမှာဖြစ်ပါတယ်။ ဒါပေမယ့် သေစေနိုင်လောက်တဲ့ တိုက်ပွဲမှာ မိတ်ဆွေဟောင်း Avenger ဖြစ်တဲ့ Incredible Hulk နှင့် အရင်ဆုံး ရင်ဆိုင်သတ်ပုတ်ပြီး အသက်ရှင်နိုင်မှဖြစ်မှာပါ။

Thor: Ragnarok ဇာတ်ကားတွင်ပါဝင်မည့် သရုပ်ဆောင်များကတော့ God of Thunder အဖြစ် Chris Hemsworth၊ Loki အဖြစ် Tom Hiddleston၊ The Hulk အဖြစ် Mark Rufflo၊ Heimdall အဖြစ် Idris Elba၊ Odin အဖြစ် Sir Anthony Hopkins တို့ဖြစ်ပါတယ်။ Cate Blanchett က Hela အဖြစ်၊ Tessa Thompson က သူရဲကောင်း Valkyrie အဖြစ်၊ Jeff Goldblum က အများနှင့်မတူပဲ ထူးဆန်းသော Grandmaster အဖြစ်၊ Karl Urban က Skurge အဖြစ်အားဖြည့်ထားပါတယ်။

 နောက်ထပ်ပါဝင်မည့် Sam Neill ကတော Hunt for the Wilderpeople ကို ရိုက်ကူးခဲ့တဲ့ Waititi နှင့် Jurassic Park မှာ တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ Jeff Goldblum တို့နှင့် ပြန်လည်ဆုံစည်းရမှာဖြစ်ပါတယ်။ ပြန်လည်ဆုံစည်းရမှာဖြစ်ပါတယ်။ Benedict Cumberbatch ရဲ့ Doctor Strange ဇာတ်ကားအဆုံးသတ်မှာ ပြထားတဲ့အတိုင်း Doctor Strange ကလည်း God of Thunder နှင့်ပူးပေါင်းပြီး Loki ကို ရင်ဆိုင်မှာဖြစ်ပါတယ်။

ဒီဇာတ်ကားကို Kevin Feige က Louis D’Esposito၊ Brad Winderbaum၊ Victoria Alonso၊ Thomas M. Hammel နှင့်Stan Lee တို့နှင့်အတူ ထုတ်လုပ်မှာဖြစ်ပါတယ်။ ဇာတ်ညွှန်းကို Stephany Folsom၊ Craig Kyle၊ Eric Pearson နှင့် Christopher Yost တို့ကရေးသားမှာပါ။

Thor: Ragnarok ဇာတ်ကားကို ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၃ ရက်မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။
 
    RII

    #celebrity.thithtoolwin.com

   Source: Comingsoon