Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / EXO အဖွဲ့၏ “The Eve” သီချင်းအတွက် အကလေ့ကျင့်သည့် ဗီဒီယိုထွက်ရှိလာ

EXO အဖွဲ့၏ “The Eve” သီချင်းအတွက် အကလေ့ကျင့်သည့် ဗီဒီယိုထွက်ရှိလာ

| No comment


“Ko Ko Bop” သီချင်းဗီဒီယိုက ကြည့်ရှုသူ သန်း ၃၀ ကျော်သွားတဲ့အတွက် EXO အဖွဲ့က ပရိသတ်တွေကို အကလေ့ကျင့်သည့် ဗီဒီယိုအသစ်စက်စက်ကို လက်ဆောင်အဖြစ် ပေးတာဖြစ်ပါတယ်။

“The Eve” သီချင်းအတွက် အကလေ့ကျင့်သည့် ဗီဒီယိုကို SM Entertainment ရဲ့ YouTube channel မှတဆင့် ဩဂုတ်လ ၄ ရက်၊ ကိုရီးယားစံတော်ချိန် နေ့လည် ၁၂ နာရီမှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။ ဗီဒီယိုထဲမှာ အဖွဲ့ဝင်တွေက ပေါ့ပေါ့ပါးပါးအဝတ်အစားတွေကို ဝတ်ဆင်ထားပြီး နောက်ဆုံးထွက်ထားတဲ့ အယ်လ်ဘမ်သစ်ထဲက သီချင်းအတိုင် ကနေတာကို မြင်ကွင်းအပြည့် မြင်ရမှာဖြစ်ပါတယ်။

ချောမွေ့တဲ့ ကကွက်တွေက အဖွဲ့ရဲ့ reggae စတိုင် “Ko Ko Bop” သီချင်းနှင့် ဆန့်ကျင်ဘက် ဆွဲဆောင်မှုတစ်မျိုးရှိနေတာကို ခံစားရမှာဖြစ်ပါတယ်။

                       The Eve


     RII

    #celebrity.thithtoolwin.com

     Source: Soompi