Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / အယ်လ်ဘမ်အချပ်ရေ ၄ သန်းရောင်းရတဲ့ အဖွဲ့ဖြစ်လာတဲ့ EXO

အယ်လ်ဘမ်အချပ်ရေ ၄ သန်းရောင်းရတဲ့ အဖွဲ့ဖြစ်လာတဲ့ EXO

| No comment




EXO ကတော့ အယ်လ်ဘမ်အချပ်ရေ ၄ သန်းရောင်းရတဲ့ အဖွဲ့ တရားဝင်ဖြစ်လာပါပြီ။
Gaon ရဲ့ ပြောပြချက်အရ EXO ရဲ့ စတုတ္ထမြောက် စတူဒီယိုအယ်လ်ဘမ် “The War” ဟာ လက်ရှိမှာ အချပ်ရေပေါင်း ၁,၀၁၂,၀၂၁ ချပ် ရောင်းချခဲ့ရပြီး အဖွဲ့ရဲ့ အချပ်ရေပေါင်း တစ်သန်းကျော် ရောင်းချရတဲ့ စတုတ္ထမြောက် အယ်လ်ဘမ်ဖြစ်လာပါတယ်။ ဒီအယ်လ်ဘမ်က ဇူလိုင်လ ၁၉ ရက်မှာ ထွက်ရှိလာတာဖြစ်လို့ ဒီလိုစံချိန်တင်နိုင်ဖို့ ခန့်မှန်းချေ ၂၄ ရက်သာ ကြာမြင့်ခဲ့တာဖြစ်ပါတယ်။

အယ်လ်ဘမ်အချပ်ရေ ၄ သန်းရောင်းရတဲ့ မှတ်တိုင်စိုက်ထူနိုင်ခဲ့တာနှင့် ပတ်သက်ပြီး EXO က “ကျွန်တော်တို့ အယ်လ်ဘမ်ထွက်လာတာ တစ်လတောင်မပြည့်သေးဘဲနဲ့ အချပ်ရေတစ်သန်းကျော်တောင် ရောင်းချရတယ်ဆိုတာ မယုံနိုင်စရာပါပဲ။ ကျွန်တော်တို့ လက်ခံရရှိခဲ့တဲ့ အချစ်မေတ္တာတွေအားလုံးကို ပြန်ပေးဆပ်နိုင်အောင် ကြိုးစားပါ့မယ်” လို့ ပြောပြခဲ့ပါတယ်။

ဆက်လက်ပြီး “ဒီလိုဖြစ်အောင်လုပ်ပေးတဲ့ ကျွန်တော်တို့ရဲ့ ပရိတ်သတ်တွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ပိုကောင်းတဲ့ သီချင်းတွေ ဖျော်ဖြေမှုတွေနဲ့ ဆက်ဆက်ပြန်လာပါ့မယ်” လို့လည်း ပြောခဲ့ပါတယ်။
EXO အဖွဲ့ဟာ ၂၀၁၃ ခုနှစ်တုန်းက သူတို့ရဲ့ ပထမဆုံးအယ်လ်ဘမ်နှင့်အတူ ၁၂ နှစ်အတွင်းမှာ အချပ်ရေပေါင်း တစ်သန်း ရောင်းချရတဲ့ ပထမဆုံးအဖွဲ့ဖြစ်လာခဲ့ပါတယ်။

အဲ့ဒီနောက် ၂၀၁၅ ခုနှစ်မှာတော့ ဒုတိယမြောက်အယ်လ်ဘမ်ကို အချပ်ရေပေါင်း တစ်သန်းကျော် ရောင်းချခဲ့ရပြီး မနှစ်ကတော့ “EX’ACT” အယ်လ်ဘမ်နှင့် repackaged album “LOTTO” တို့နှင့်အတူ အယ်လ်ဘမ်အချပ်ရေပေါင်း ၃ သန်းရောင်းရတဲ့ အဖွဲ့ဖြစ်လာခဲ့ပါတယ်။


RII

celebrity.thithtoolwin.com

Source: Soompi