Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Forbes ရဲ့ ဝင်ငွေအကောင်းဆုံး မင်းသမီးများ စာရင်းမှာ ထိပ်ဆုံးက ရပ်တည်နေတဲ့ Emma Stone

Forbes ရဲ့ ဝင်ငွေအကောင်းဆုံး မင်းသမီးများ စာရင်းမှာ ထိပ်ဆုံးက ရပ်တည်နေတဲ့ Emma Stone

| No comment

Jennifer Lawrence ကတော့ Forbes က နှစ်စဉ်ထုတ်ပြန်လေ့ရှိတဲ့ ကမ္ဘာ့ဝင်ငွေအကောင်းဆုံး မင်းသမီးများ စာရင်းမှာ နှစ်နေရာလောက် ပြုတ်ကျသွားပြီး ထိပ်ဆုံးက နေရာဝင်ယူလိုက်တဲ့ သူကတော့ La La Land မင်းသမီး Emma Stone ဖြစ်ပါတယ်။

အရင်က Forbes ရဲ့ စာရင်းမှာ ၂နှစ်ဆက်တိုက် ထိပ်ဆုံးက ရပ်တည်ခဲ့တဲ့ Lawrence က အခုတော့ ၂၀၁၆ ခုနှစ်က ရရှိခဲ့တဲ့ အမေရိကန်ဒေါ်လာ ၄၆ သန်းရဲ့ တစ်ဝက်ထက် အနည်းငယ်သာပိုတဲ့ ပြီးခဲ့တဲ့ ၁၂ လအတွင်းမှာ ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၄ သန်းနှင့်အတူ နံပါတ် ၃ နေရာကို ရောက်ရှိသွားပါပြီ။ The Hunger Games မင်းသမီးရဲ့ ပြီခဲ့တဲ့နှစ်က ရရှိခဲ့တဲ့ ဝင်ငွေအများစုက အသစ်ထွက်ရှိလာမည့် Mother! ဇာတ်ကား၊ Red Sparrow ဇာတ်ကားနှင့် Dior ကြော်ငြာတို့က ရရှိတာဖြစ်ပါတယ်။

La La Land musical ရုပ်ရှင်နှင့်အတူ ပြီးခဲ့တဲ့နှစ်က အထူးအာရုံစိုက်ခံခဲ့ရတဲ့ Stone ကတော့ ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၆ သန်းနှင့်အတူ ဝင်ငွေအကောင်းဆုံး မင်းသမီးအဖြစ် ရပ်တည်နေပါတယ်။ ဝင်ငွေအများစုက သူမအတွက် Academy Award for Best Actress ဆုရရှိခဲ့တဲ့ La La Land ရဲ့ အောင်မြင်မှုက ရရှိတာဖြစ်ပါတယ်။

ဒီနှစ်အတွက် နံပါတ် ၂ နေရာမှာတော့ The Yellow Birds ဇာတ်ကားနှင့် Emirates, Smartwater နှင့် Aveeno ကြော်ငြာတို့က အမေရိကန်ဒေါ်လာ ၂၅.၅ သန်း ရရှိခဲ့တဲ့ Jennifer Anniston က ရပ်တည်နေပါတယ်။

Forbes ရဲ့ စာရင်းမှာ ထိပ်ဆုံး ၅ ယောက်ထဲပါဝင်တဲ့သူတွေကတော့ Melissa McCarthy က အမေရိကန်ဒေါ်လာ ၁၈ သန်းနှင့် Mila Kunis က အမေရိကန်ဒေါ်လာ ၁၅.၅ သန်းတို့ပဲဖြစ်ပါတယ်။


  RII

 #celebrity.thithtoolwin.com

   Source: EW